The network connection is lost.

Banner Image

ပေါင်ဒဏ်ရာကြောင့် အဓိကနောက်ခံလူကို ၂ လလောက် လက်လွှတ်ရတော့မယ့် ရီးရဲလ်

သတင်းတွေအရ ရီးရဲလ်အသင်းနောက်ခံလူ ရူဒီဂါတစ်ယောက် နိုင်ငံအသင်းအတွက်ကစားပေးရင်း ပေါင်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဒဏ်ရာအခြေအနေကြောင့် ရူဒီဂါအနေနဲ့ ၂ လခွဲလောက်နားရတော့မှာဖြစ်ပြီး အလွန်ဆိုကလည်း သောကြာနေ့က အတည်ပြုခဲ့ပါတယ်။ ဂျာမန်သားဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကြံ့ခိုင်မှုပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ခက်ခဲခဲ့တာဖြစ်ပါတယ်။ စကိုင်းဂျာမနီသတင်းဌာနကတော့ ရီးရဲလ်အသင်းဟာ ရူဒီဂါတစ်ယောက် ဘယ်လောက်အထိနားရမလဲဆိုတာကို အတည်မပြုသေးဘူးလို့ သိရပါတယ်။

တကယ်လို့ ၂ လလောက်နားကျော်လောက်နားရမယ်ဆိုရင် ရူဒီဂါအနေနဲ့ ဂျူဗင်တပ်စ် ၊ လီဗာပူးတို့နဲ့ ချန်ပီယံလိဂ်ပွဲတွေအပြင် အောက်တိုဘာ ၂၆ မှာကန်မယ့် ပထမဆုံးအယ်လ်ကလက်ဆီကိုပွဲကိုပါ လွဲချော်မှာဖြစ်ပါတယ်။ “ရူဒီဂါကို မက်ဒရစ်ဆေးအဖွဲ့က စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဘယ်ဘက်ကြွက်သားဒဏ်ရာရခဲ့တာပါ။ ဆက်လက်တိုးတက်မှုတွေကို စောင့်ဆိုင်းနေပါတယ်”လို့ ရီးရဲလ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရူဒီဂါမပါဝင်နိုင်တာကြောင့် အလွန်ဆိုအနေနဲ့ ခံစစ်မှာ ဟာဂျယ်ဆန် ၊ မီလီတာအိုတို့အတွဲကို ပွဲထုတ်ရဖွယ်ရှိနေပါတယ်။ ရီးရဲလ်အသင်းဟာ အလွန်ဆိုလက်အောက်မှာ အစနှေးနေပြီး ပထမဆုံးလာလီဂါအဖွင့်ပွဲမှာ အိုဆာဆူနာကိုအရေးနိမ့်ပြီးနောက် အိုဗီဒို ၊ မာယော့ကာတို့ပွဲတွေမှာ ပြန်လည်အနိုင်ရရှိထားခဲ့ပါတယ်။ လာမယ့်စနေနေ့မှာ ရီးရဲလ်အသင်းဟာ ဆိုစီဒက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ခံစစ်ပိုင်းကို စမ်းသပ်ခံရမှာဖြစ်ပါတယ်။