The network connection is lost.

Banner Image

နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူပြီလို့ ရူဒီဂါ ကြေညာ

ရီးရဲလ်မက်ဒရစ်ဝါရင့်နောက်ခံလူရူဒီဂါက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နိုင်ငံတကာ ဘောလုံးလောကမှ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားက သူ့ရဲ့ဆုံးဖြတ်ချက်ကို ယမန်နေ့(အင်္ဂါနေ့)၊ Instagram လူမှုကွန်ရက်မှတဆင့် ကြေညာခဲ့ပါတယ်။

"ပြန်လည်သုံးသပ်ဖို့ အချိန်အနည်းငယ်ယူပြီးနောက် ကျွန်တော့်ရဲ့နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်ပြီး မျိုးဆက်သစ်လူငယ်တွေအတွက် လက်ဆင့်ကမ်းပေးရမယ့်အချိန်ရောက်လာပြီလို့ ခံစားရပါတယ်" လို့ ရူဒီဂါက ဆိုပါတယ်။

"၂၀၁၄ ခုနှစ်၊ ဂျာမနီလက်ရွေးစင်းအသင်းဂျာစီ စတင်ဝတ်ဆင်ချိန်ကတည်းက ကျွန်တော်က လက်ရွေးစင်အဆင့်ပွဲစဉ် ၈၆ ပွဲအထိ ပါဝင်ကစားနိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ပြိုင်ပွဲအချို့မှာ အဓိကဆုဖလားတွေနဲ့လွဲချော်ခဲ့ရပြီးနောက် နာကျင်စရာကောင်းတဲ့ ရှုံးနိမ့်မှုတချို့ကို ခံစားခဲ့ရပေမဲ့လည်း ဒီကာလက ကျွန်တော့်အတွက်တော့ ထာဝရအမှတ်ရနေမယ့် အံ့ဩစရာကောင်းလောက်အောင် ထူးခြားတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့ပါတယ်"လို့ သူက ဆက်ပြောပါတယ်။

ရူဒီဂါက သူ့ရဲ့ထုတ်ပြန်ချက်ကို အဆုံးမသတ်ခင် အသင်းဖော်တွေ၊ နည်းပြတွေ၊ ပရိသတ်တွေကို ကျေးဇူးတင်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

"အခုဆိုရင် ကျွန်တော့်အတွက် အခန်းကဏ္ဍသစ်တစ်ခု စတင်သွားဖို့ရှိနေပြီး ကျွန်တော့်ရဲ့ကလပ်အသင်းအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်သွားပါတော့မယ်။ ဒီခရီးလမ်းကို ကျွန်တော်နဲ့အတူ ဖြတ်သန်းပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်" လို့ သူက ဆိုပါတယ်။