အယ်လ်ကလက်စီကိုပွဲစဉ်ယှဉ်ပြိုင်နေချိန် နေအိမ်ဖောက်ထွင်းခံရတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် မီလီတာအို
ဘာစီလိုနာကို ၁-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ တနင်္ဂနွေနေ့အယ်လ်ကလက်စီကိုပွဲစဉ် ယှဉ်ပြိုင်ကစားနေချိန် မီလီတာအိုရဲ့နေအိမ် ဖောက်ထွင်းမှုကြုံတွေ့ခဲ့ပြီး ယူရို ၃၅၀,၀၀၀ တန်ဖိုးရှိ ရတနာပစ္စည်းတွေနဲ့ လက်ပတ်နာရီတွေ ခိုးယူခံလိုက်ရတယ်လို့ El Mundo သတင်းစာရဲ့ စနေနေ့သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့အရန်ခုံမှာ မီလီတာအိုရှိနေချိန် သူခိုးတွေက တတိယထပ်ရေချိုးခန်းပြတင်းပေါက်မှတစ်ဆင့် နေအိမ်တွင်း ဝင်ရောက်ခဲ့ပြီး မီလီတာအိုရဲ့အိပ်ခန်းကို မွှေနှောက်ရှာဖွေကာ တန်ဖိုးကြီးအိတ်တွေ၊ လက်ပတ်နာရီတွေနဲ့ လက်ဝတ်ရတနာတွေကို ခိုးယူသွားခဲ့ပါတယ်။
မီလီတာအိုရဲ့မိသားစုဝင်တွေက အိမ်ရဲ့အောက်ထပ်မှာ အယ်လ်ကလက်စီကိုပွဲစဉ်ကို ကြည့်ရှုနေခဲ့ကြလို့ ဒီဖောက်ထွင်းမှုကို သတိမပြုမိခဲ့ပါဘူး။
ဒီဖောက်ထွင်းမှုကတော့ မကြာသေးမီနှစ်တွေအတွင်း စပိန်မှာ နာမည်ကျော်ဘောလုံးသမားတွေကို ပစ်မှတ်ထားကျူးလွန်ခဲ့တဲ့ မှုခင်းဖြစ်စဉ်တွေအနက် နောက်ဆုံးဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူးဟောင်းအူဘာမီယန်းလည်း ၂၀၂၂ ခုနှစ်၊ လက်နက်ကိုင်ဓားပြမှုတစ်ခုအတွင်း မေးရိုးကျိုးဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။ ဘက်တစ်တိုက်စစ်မှူးထရွိုင်ပါရော့တ်နဲ့ ပီအက်စ်ဂျီဂိုးသမားဟောင်းဆာဂျီယိုရီကိုတို့လည်း အခုလထဲမှာပဲ ဓါးပြတိုက်ခံခဲ့ရပါတယ်။