The network connection is lost.

Banner Image

အန်ဆယ်လော့တီနေရာအတွက် မထင်မှတ်ထားတဲ့နည်းပြကို ချိတ်ဆက်လာတဲ့ ရီးရဲလ်မက်ဒရစ်

သတင်းတွေအရ ရီးရဲလ်အသင်းဟာ အန်ဆယ်လော့တီနေရာကို အစားထိုးဖို့ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာကို ချိတ်ဆက်လာတယ်လို့ သိရပါတယ်။ ကနဦးတုန်းက ရီးရဲလ်ဟာ အန်ဆယ်လော့တီနေရာမှာ အလွန်ဆိုနဲ့ အစားထိုးဖို့ စီစဉ်ထားခဲ့ပေမယ့် လေဗာကူဆင်စီအီးအို ကာရိုကတော့ စပိန်သားနည်းပြဟာ ဒီရာသီအပြီးမှာလည်း အသင်းမှာဆက်ရှိနေနိုင်တယ်လို့ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

အဆိုပါအခြေအနေတွေကြောင့် အန်ဆယ်လော့တီရဲ့အနာဂတ်ကလည်း မသေချာတော့တဲ့အနေအထားမှာ အခြားနည်းပြတွေကို ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ အီရာအိုလာဟာ ဘုန်းမောက်အသင်းနဲ့အတူ တောက်ပနေပြီး ဒီရာသီပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။ အီရာအိုလာလက်အောက်မှာ ဘုန်းမောက်ဟာ အာဆင်နယ် ၊ မန်စီးတီး ၊ တော့တင်ဟမ် ၊ ယူနိုက်တက် နဲ့ နယူးကာဆယ်တို့ကိုအနိုင်ကန်ထားနိုင်ပါတယ်။

အဆိုပါနိုင်ပွဲတွေကြောင့် ဘုန်းမောက်အနေနဲ့ ဥရောပဝင်ခွင့်တစ်နေရာရဖို့ အခြေအနေကောင်းနေပြီး အသက် ၄၂ နှစ်သားနည်းပြကလည်း ဥရောပရဲ့အလားအလာရှိတဲ့နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဘုန်းမောက်နည်းပြကို ရီးရဲလ်အပြင် အခြားပရီးမီးယားလိဂ်ကလပ်တွေကလည်း ချိတ်ဆက်နေပါတယ်။ တော့တင်ဟမ်ကလည်း ပိုစတီကိုဂလူနေရာမှာ အီရာအိုလာနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ဘုန်းမောက်နဲ့စာချုပ်သက်တမ်းက ၁၈ လသာကျန်တော့တာကြောင့် မက်ဒရစ်အနေနဲ့ ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေတာဖြစ်ပါတယ်။