The network connection is lost.

Banner Image

အလွန်ဆိုကိုထုတ်ပယ်ကာ အာဘီလိုအာနဲ့အစားထိုးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရီးရဲလ်မက်ရစ်ဂန္တဝင် ပြင်းပြင်းထန်ထန်ဝေဖန်

ရီးရဲလ်မက်ဒရစ်ဂန္တဝင်အိုင်ဗန်ဟယ်ဂွယ်ရားက အလွန်ဆိုကို ထုတ်ပယ်ပြီး အာဘီလိုအာနဲ့အစားထိုးခဲ့တဲ့ ကလပ်အသင်းဟောင်းရဲ့ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

နည်းပြအန်ဆယ်လော့တီလက်ထက်၊ လွတ်လပ်ခွင့်ရခဲ့တဲ့ကစားသမားတွေနဲ့ အလွန်ဆိုတို့အကြား သိသာထင်ရှားတဲ့ပြဿနာတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ခြောက်လအကြာမှာပဲ အလွန်ဆိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ လမ်းခွဲခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ်က အလွန်ဆိုရဲ့နေရာမှာ အာဘီလိုအာနဲ့ အစားထိုးခဲ့ပေမဲ့ လက်ရှိမှာတော့ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ဘာစီလိုနာအသင်းနဲ့ လေးမှတ်ကွာဟနေသလို အာဘီလိုအာကိုယ်တိုင်လည်း အသင်းကိုကိုင်တွယ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

AS သတင်းဌာနနဲ့ အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်း ဟယ်ဂွယ်ရားက "ဇာဘီအလွန်ဆိုကို ထုတ်လိုက်တာက ဘယ်လိုမှ အဓိပ္ပာယ်မရှိပါဘူး။ တကယ်လို့ အလွန်ဆိုကို ထုတ်မယ်ဆိုရင် ဒီလိုအခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့အတွက် အဝတ်လဲခန်းထဲမှာ အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးရှိနေဖို့ လိုပါတယ်။ အခုတော့ ပထမတန်းလိဂ်မှာ တစ်ခါမှ နည်းပြဖူးခြင်း မရှိသေးတဲ့သူကို ချက်ချင်းကြီး ခန့်အပ်လိုက်ပါတယ်။ အာဘီလိုအာက အခုလိုအခြေအနေမျိုးအတွက် သင့်တော်သူလို့ ကျွန်တော် မထင်ပါဘူး။ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးက အခုလိုထိရှလွယ်တဲ့အချိန်တွေမှာ နည်းပြခုံတန်းအတွက် စမ်းတဝါးဝါး ဆုံးဖြတ်ချက်တွေ မချသင့်ဘူး" လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။