
ဘာစီလိုနာနဲ့ပွဲမတိုင်မီ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟို့စ်ဟာ ဘယ်ဘက်ပေါင်ခြံဒဏ်ရာကြောင့် ရက်သတ္တပတ်အတော်ကြာအနားယူရမှာဖြစ်ပါတယ်။ ဘရာဇီးနောက်ခံလူဟာ အခုသီတင်းပတ်ကုန်မှာ ကစားမယ့် အော်ဇေးအသင်းနဲ့ပွဲစဉ်၊ လာမယ့်အပတ်မှာကစားမယ့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။ အသင်းက ဆေးစစ်ချက်အခြေအနေကိုထုတ်ပြန်ခဲ့ရာမှာ မာကွင်ဟို့စ်ဟာ "လာမယ့်ရက်သတ္တပတ်တွေမှာ ကုသမှုခံယူသွားမှာပါ" လို့ဖော်ပြထားပါတယ်။
မာကွင်ဟို့က ဘော်လွန်းဒီအော်ဆုရှင် အူစမန်ဒမ်ဘီလီ၊ ကွင်းလယ်ကစားသမား ဂျာအိုနီဗက်စ်နဲ့ ဒူအီ တို့အပါအဝင် ဒဏ်ရာရရှိနေတဲ့ ကစားသမားစာရင်းထဲကိုပါဝင်လာခဲ့ပါတယ်။ မာကွင်ဟို့စ်မပါဝင်နိုင်တော့တာက ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်ရီကအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ပီအက်စ်ဂျီခံစစ်မှာ ခြေစွမ်းပြသနေတာကြောင့်ပါ။
သူ့ရဲ့ဦးဆောင်မှုနဲ့ အတွေ့အကြုံတွေကတော့ တိုက်စစ်အားကောင်းနေတဲ့ ဘာစီလိုနာအသင်းကို ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ လိုအပ်နေပါတယ်။ ယူကရိန်းနောက်ခံလူ အီလီယာဇာဘာညီက ဗဟိုနောက်ခံလူနေရာမှာ ဝင်ရောက်ကစားဖွယ်ရှိပြီး ဖေဘီယန်ရူဇ် နဲ့ ဝါရန်ဇိုင်ယာအမ်မရီ တို့ကိုတော့ ကွင်းလယ်မှာတွဲဖက်ကစားလာဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် သတင်းကောင်းတစ်ခုကတော့ ဘရက်ဒလေဘာကိုလာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်တာကြောင့် အော်ဇေးနဲ့ကစားမယ့်ပွဲစဉ်မှာ ပါဝင်လာနိုင်ပါတယ်။