The network connection is lost.

Banner Image

ရာသီပိတ်ပွဲစဉ်အနိုင်ရရှိမှုကို လာမယ့်ဗိုလ်လုပွဲတွေအတွက် အကောင်းဆုံးပြင်ဆင်မှုလို့ ယုံကြည်နေတဲ့ လူးဝစ်အင်းနရစ်

ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က အော်ဇေးကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ လာမယ့်ဖိုင်နယ်ပွဲစဉ်နှစ်ခုအတွက် အရှိန်အဟုန်ကောင်းဖန်တီးနိုင်ခဲ့လို့ ကျေနပ်အားရနေပါတယ်။ ပီအက်စ်ဂျီရဲ့အိမ်ကွင်းနိုင်ပွဲက အမှတ်ပေးဇယားဒုတိယနေရာရှိမာဆေးလ်ကို ၁၉ မှတ်ဖြတ်ကာ ပြင်သစ်လီဂူးဝမ်းဘောလုံးရာသီကို အဆုံးသတ်စေခဲ့ပါတယ်။ လူးဝစ်အင်းနရစ်ရဲ့အသင်းက လာမယ့်သီတင်းပတ်၊ ရိမ်းစ်အသင်းနဲ့ ပြင်သစ်ဖလားဗိုလ်လုပွဲယှဉ်ပြိုင်ကစားပြီးနောက် အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ဆက်လက်ဆင်နွှဲရပါမယ်။

ပီအက်စ်ဂျီအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် လူးဝစ်အင်းနရစ်က “ အသင်းပရိသတ်တွေနဲ့အတူ အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်း အနိုင်ရရှိဖို့ဆိုတာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါက လက်ကျန်ဖိုင်နယ်ပွဲစဉ်နှစ်ခုအတွက် ပြင်ဆင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီကွင်းကြီးမှာ ကစားရချိန်တိုင်း အမြဲတမ်းလိုလို ထူးရှယ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အိမ်ကွင်းရာသီပိတ်ပွဲစဉ်မျိုးမှာပေါ့။

ဒီနေ့မှာဆိုရင် ကျွန်တော်တို့အသင်းက ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ကျွန်တော်တို့အသင်းပရိသတ်တွေရဲ့စိတ်ထဲမှာ တူညီဆန္ဒတွေ ရှိနေဆဲ ဖြစ်ခဲ့ပါတယ်။ အခုလိုအားပေးမှုတွေ ရရှိဖို့ဆိုတာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။

ဒါပေမယ့် ဒီအသင်းက တိုးတက်နေဆဲပဲလို့ ယူဆမိတာကြောင့် တိုးတက်လာရမယ့်ကဏ္ဍတွေကိုလည်း စဉ်းစားသုံးသပ်ရပါမယ်။ ဒါက ကျွန်တော်တို့အသင်းရဲ့စိတ်ဓါတ်ပိုင်းဖြစ်ပြီး လာမယ့်ဖိုင်နယ်ပွဲစဉ်နှစ်ခုအတွက် အဆင်သင့်ဖြစ်ပါပြီ”လို့ ပြောပါတယ်။

ပီအက်စ်ဂျီက ပြင်သစ်ဖလားလက်ရှိချန်ပီယံဖြစ်ပြီး ဒီပြိုင်ပွဲနောက်ဆုံး ၁၀ ကြိမ်မှာ ခုနစ်ကြိမ်အထိ ဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားအောင်မြင်မှုမရရှိသေးဘဲ ၂၀၂၀ ပြည့်နှစ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။