
လီဂူးဝမ်း ၁ ချန်ပီယံဆုကို ၁၃ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးခဲ့တဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီအသင်းဟာ ပြင်သစ် လီဂူးဝမ်းချန်ပီယံဆုကို နောက်ထပ်တစ်ကြိမ် ဆွတ်ခူးသွားပြန်ပါပြီ။ ဒါဟာ သူတို့ရဲ့ လေးရာသီဆက် ချန်ပီယံဆုဖြစ်သလို လီဂူးဝမ်းဖလားကို ၁၃ ကြိမ်မြောက် စံချိန်တင် သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မနေ့ညက အန်ဂါးစ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့လို့ လက်ကျန်ပွဲစဉ် ၆ပွဲကျန်ရှိနေသေးပေမဲ့ ဘယ်အသင်းမှ သူတို့ရမှတ်ကို မမီနိုင်တော့တာသေချာသွားပါပြီ။
ဒိုအီရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် လူးဝစ်အင်းနရစ်ရဲ့အသင်းဟာ ရမှတ် ၇၄ မှတ်အထိ ရရှိသွားခဲ့ပြီး ဒုတိယလိုက်နေတဲ့ မိုနာကိုအသင်းကို ၂၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာပါ။
မိုနာကိုအသင်းက ကျန်တဲ့ပွဲတွေ အကုန်နိုင်ရင်တောင် ရမှတ် ၇၁ မှတ်ပဲရမှာမို့ ပီအက်စ်ဂျီကို မမီတော့ပါဘူး။ ဒါကြောင့် ပီအက်စ်ဂျီရဲ့ ပြင်သစ်လိဂ်မှာ ဘယ်သူမှမယှဉ်နိုင်လောက်အောင် စိုးမိုးထားနိုင်မှုကို ငြင်းလို့မရပါဘူး။