The network connection is lost.

Banner Image

စီးရီးအေ နဲ့ ပရီးမီးယားလိဂ်ကြား ခြားနားမှု ကို ထုတ်ဖော်ပြောကြားလာတဲ့ မန်စီးတီးစတား

မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက စီးရီးအေ နဲ့ ပရီးမီးယားလိဂ်ကြား ကစားဟန်ခြားနားမှုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အေစီမီလန်အသင်းမှာ ၆ နှစ်ကြာဖြတ်သန်းခဲ့တဲ့ ဒွန်နာရမ်မာဟာ နွေရာသီတုန်းက ပီအက်စ်ဂျီကနေ မန်စီးတီးထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ 

အီတလီသားက စီးရီးအေဟာ အခြားလိဂ်တွေထက်တော့ မနိမ့်ဘူးလို့ ယုံကြည်နေပါတယ်။ အခုနွေရာသီအစောပိုင်းတုန်းက ပီအက်စ်ဂျီအသင်းကနေထွက်ခွာလာခဲ့တဲ့ ဒွန်နာဟာ မနှစ်ကတုန်းက အသင်းဖလား ၃ လုံးရယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။ စာချုပ်သစ်အဆင်မပြေခဲ့တဲ့အပြင် နည်းပြ အင်းနရစ်က ဂိုးသမားနေရာအတွက် ချီဗာလီယာကို ဦးစားပေးခဲ့တာကြောင့် အီတလီသားက စီးတီးထံ ပေါင် ၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဒယ်လိုစပေါ့တ်နဲ့အင်တာဗျူးမှာ ဒွန်နာက “ကျွန်တော် ခြားနားတဲ့အတွေ့အကြုံတွေရခဲ့ပါပြီ။ လီဂူးဝမ်းကနေ အခုပရီးမီးယားလိဂ်ကိုပြောင်းလာခဲ့ပါပြီ။ အဲ့မတိုင်ခင် ကျွန်တော် စီးရီးအေမှာကစားခဲ့ပါတယ်။  ကျွန်တော်တို့ဘောလုံးလောကက အခြားလိဂ်တွေထက်တော့ မနိမ့်ပါဘူး။ အင်္ဂလန်မှာက ခင်ဗျားအနေနဲ့ ပွဲအစမိနစ်ကတည်းက နောက်ဆုံးမိနစ်အထိ ပြေးလွှားနေရပါတယ်။ အဲ့တာက ဆိုးဝါးလား ဒါမှမဟုတ် ပိုကောင်းတာလားတော့မသိပါဘူး။ သူ့နည်းသူ့ဟန်အတိုင်းပါပဲ”လို့ အီတလီသားက ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ စီးတီးကိုပြောင်းပြီးကတည်းက ၆ ပွဲပါဝင်ကစားခဲ့ပြီး အလျင်အမြန်အထိုင်ကျလာ လက်စွမ်းပြနိုင်ထားနိုင်ခဲ့ပါတယ်။ သုံးသပ်သူတွေကတော့ အီတလီသားအနေနဲ့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်လာနေပြီးလို့ အခိုင်အမာပြောကြားနေကြပါတယ်။ အခုအပတ်အစောပိုင်းတုန်းက အီတလီသားဟာ အစ္စရေးနဲ့ပွဲမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် နည်းပြ ဂတ်တူဆိုရဲ့ချီးကျူးမှု ကို ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၆ နှစ်သားဟာ ၂၀၁၆ ကတည်းက အီတလီအတွက် ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး လာမယ့်နှစ်ကမ္ဘာ့ဖလားမှာ အီတလီအသင်းပါဝင်ခွင့်ရမယ်လို့ ယုံကြည်နေပါတယ်။

“တတိယအကြိမ်ထပ်မဖြစ်တော့ပါဘူး။ ကျွန်တော်တို့ လာမယ့်နှစ်ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရမှာပါ။ အဲ့တာကို ကျွန်တော်သံသယမရှိပါဘူး။ အတိတ်တုန်းက သင်ခန်းစာတွေက အဓိပ္ပာယ်ရှိပါတယ်။  အခုလက်ရှိအနေအထားအရ ကျွန်တော်တို့အကောင်းဆုံးအခြေအနေမှာရှိနေပါတယ်။ ဒီအစုအဖွဲ့ကတစ်ဦးနဲ့တစ်ဦးချစ်ခင်ကြပါတယ်။ ကျွန်တော်တို့ ခြေစစ်ပွဲအတွက်အဆင်သင့်ပါပဲ။ အဲ့ခြေစစ်ပွဲဆိုတဲ့စကားလုံးတွေကို ကျွန်တော်တို့ မကြောက်သလို သက်ရောက်မှုလည်းမရှိနိုင်ပါဘူး။ အီတလီအသင်းသစ်နဲ့အတူ ကျွန်တော်သေချာပြောနိုင်တာက ကျွန်တော်တို့ လာမယ့်ကမ္ဘာ့ဖလားမှာ ပါဝင်ကစားမှာပါ”လို့ ဒွန်နာက ပြောကြားခဲ့ပါတယ်။