The network connection is lost.

Banner Image

သူငယ်ချင်းဖြစ်သူ ဘော်လွန်းဒီအော်ဆုရတဲ့အပေါ် မျက်ရည်ကျခဲ့မိတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဘိုင်ယန်စတား

ဘိုင်ယန်မြူးနစ်နောက်ခံလူ အူပါမီကာနိုက သူငယ်ချင်းဖြစ်သူ ဒမ်ဘီလီတစ်ယောက် ဘော်လွန်းဒီအော်ဆုရတဲ့အပေါ် မျက်ရည်ကျခဲ့မိကြောင်း ပြောကြားလိုက်ပါတယ်။

Le Parisien နဲ့အင်တာဗျူးမှာ အူပါမီကာနိုက ပြင်သစ်အသင်းဖော်ဆုရတာကို ဂုဏ်ယူမိသလို ဝမ်းသာမျည်ရည်လည်းကျခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ အသက် ၂၈ နှစ်သားဟာ ပဲရစ်မြေမှာ အဆိုပါဆုကို ဘာစီလိုနာစတား ယာမဲလ် ၊ ပီအက်စ်ဂျီအသင်းဖော် ဗီတင်ဟာတို့ကိုကျော်ဖြတ်ကာရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ - ၂၅ ရာသီမှာ ဒမ်ဘီလီဟာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်အပါဝင် ဖလား ၃ လုံးရယူနိုင်ခဲ့ပြီး ၃၅ ဂိုးသွင်း ၊ ၁၄ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ငယ်ဘဝကျောင်းနေဖက် ဒမ်ဘီလီဆုရတဲ့အပေါ် အူပါမီကာနိုက “ကျွန်တော်တို့ အတူတူကျောင်းသွားခဲ့တာပါ။ ကွင်းအတူတူမှာကစားခဲ့ဖူးပါတယ်။ ကျွန်တော် သူနဲ့ CM1-CM2 မှာရင်ဆိုင်ကစားဖူးပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော့်မှာပြောစရာစကားလုံးမရှိတော့ပါဘူး။

သူက ကစားသမားကောင်းဖြစ်လာနိုင်တယ်ဆိုတာကို အားလုံးသိပါတယ်။ ဒါပေမယ့် အခုချိန်ထိလည်းဖြစ်နေဆဲပါ။ သူဘော်လွန်းဒီအော်ဆုကိုင်မြှောက်လိုက်ချိန်မှာ ကျွန်တော့်မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေခဲ့ပါတယ်။ ကျွန်တော် အဲ့ဆုပေးပွဲမှာရှိနေရမှာဖြစ်ပေမယ့် မလာနိုင်ခဲ့ပါဘူး။ သူ့အမေ ၊ သူ့မိသားစု ၊ သူ့သူငယ်ချင်း နဲ့ အားလုံးကိုကျေးဇူးတင်နေတာကိုမြင်ရတာ တကယ့်မှော်ဝင်အခိုက်အတန့်ပါ။

ခင်ဗျားသူငယ်ချင်းတွေနဲ့အတူ ကစားချိန်မှာ အဲ့တာက အံ့ဖွယ်ခရီးစဉ်တစ်ခုလိုပါပဲ။ Evreux မှာ လူတိုင်းအတူတူလာကြပါတယ်။ အာဖရိက ၊ တူရကီ ၊ လူတိုင်းလည်းပျော်ကြပါတယ်။
အဲ့တာက ခင်ဗျားကိုထူးခြားအောင်လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့မြို့ကနေ ဘော်လွန်းဒီအော်ဆုရတာက တကယ့်ကိုဂုဏ်ယူစရာပါ”လို့ အူပါမီကာနိုက ဖြေကြားခဲ့ပါတယ်။

ပြင်သစ်သားဟာ လက်ရှိမှာ တံကောက်ကြောဒဏ်ရာကိုကုသနေရပြီး ပီအက်စ်ဂျီက ဒူအေး နဲ့ ဒမ်ဘီလီဒဏ်ရာရရှိတာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကို ဒေါသထွက်နေပါတယ်။
သတင်းတွေအရ ဒမ်ဘီလီဟာ ဒိုဟာမှာ ကုသမှုခံယူခဲ့ပြီးနောက် လာမယ့်အပတ်မှာ ပီအက်စ်ဂျီထံပြန်လာမယ်လို့ သိရပါတယ်။

ပြင်သစ်သားဟာ ဒဏ်ရာကြောင့် အသင်းဟောင်း ဘာစီလိုနာနဲ့ပွဲအပါအဝင် ပီအက်စ်ဂျီအသင်းရဲ့ပွဲစဉ် ၆ ပွဲကို လွဲချော်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီဟာ ဘာစီလိုနာကို ချန်ပီယံလိဂ်မှာအနိုင်ရခဲ့သလို လီဂူးဝမ်း ၇ ပွဲမှာလည်း ၅ ပွဲအနိုင်ရရှိကာ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။