The network connection is lost.

Banner Image

အစ္စတန်ဘူလ်မှာ ခံစစ်ပိုင်းအမှားအယွင်းတွေနဲ့ ရှုံးပွဲကြုံတွေ့ခဲ့တဲ့ လီဗာပူး

ဖီနာဘာချီ ၃-၂ လီဗာပူး (ပွဲပြီးရလဒ်)

တူရကီမြေပွဲစဉ်အတွင်း ဧည့်သည်လီဗာပူးက နှစ်ကြိမ်တိုင်တိုင် ပြိုင်ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုးတွေအပြင် အဆုံးအဖြတ်အနိုင်ဂိုးပါ ပြန်ပေးရကာ အဝေးကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ပွဲချိန်ပထမပိုင်းမှာ လီဗာပူးအတွက် အန်ယိုနီရဲ့အဖွင့်ဂိုးကို ဂရင်းဝုဒ် ပြန်လည်ချေပခဲ့သလို ပွဲချိန်ဒုတိယပိုင်း၊ လူစားဝင်ကစားသမားအီဆက်ရဲ့ဦးဆောင်ဂိုးကိုလည်း ဘရောင်းက ပြန်လည်ချေပခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဖီနာဘာချီအတွက် အဖိုးတန်အနိုင်ဂိုးကို လူစားဝင်တိုက်စစ်မှူးမူရီကွီ သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဖီနာဘာချီအတွက် ၁၈ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံလိဂ်နိုင်ပွဲ ရရှိခဲ့သလို တဖက်မှာလည်း အခုဘောလုံးရာသီ၊ လီဗာပူးရဲ့ ချန်ပီယံလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်နေမှု ရပ်တန့်သွားပါတယ်။