The network connection is lost.

Banner Image

ခြေစမ်းပွဲစဉ်အတွင်း လဲကျသွားပြီးနောက် ပြန်လည်သက်သာလာပြီဖြစ်တဲ့ အဲရစ်ဆင်

ယူကရိန်းနဲ့ယှဉ်ပြိုင်ကစားတဲ့ ဒိန်းမတ်အသင်းရဲ့ခြေစမ်းပွဲစဉ်၊ ပွဲချိန် ၆၅ မိနစ်မှာ အဲရစ်ဆင် လဲကျသွားခဲ့လို့ ပွဲစဉ်ကို ခေတ္တရပ်နားခဲ့ရပါတယ်။ ဒါက ၂၀၂၁ ခုနှစ်၊ ယူရိုပြိုင်ပွဲရဲ့ဖင်လန်နဲ့ပွဲစဉ်မှာ နှလုံးရပ်တန့်ခဲ့ဖူးတဲ့ ဒီဒိန်းမတ်လက်ရွေးစင်ကစားသမားရဲ့ဖြစ်ရပ်ကို ပြန်လည်သတိရစေခဲ့ပါတယ်။

အခုခြေစမ်းပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်မှာလည်း အဲရစ်ဆင်ထပ်မံလဲကျသွားလို့ ပွဲစဉ်ကို ခေတ္တရပ်နားခဲ့ပါတယ်။ ဒီဖြစ်ရပ်ပေါ်ပေါက်လာချိန်မှာပဲ ဆေးဘက်ဆိုင်ရာအကူအညီတွေ ချက်ချင်းရောက်ရှိလာခဲ့ပြီး ဒိန်းမတ်နဲ့ယူကရိန်းကစားသမားတွေအားလုံး အဲရစ်ဆင်ဘေးမှာ ဝန်းရံပေးခဲ့ကြပါတယ်။

မိနစ်အနည်းငယ်အကြာမှာတော့ ဝုဖ်ဘတ်ခ်ကစားသမား သတိပြန်ရလာခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ သူက ပြန်လည်မတ်တပ်ရပ်နိုင်ခဲ့ကာ ဇနီးဖြစ်သူဆာဘရီနာနဲ့အတူ လူနာတင်ယာဉ်ဆီ ကွင်းပြင်ပဆီ ထွက်ခွာသွားပါတယ်။ တချိန်တည်းမှာပဲ ကွင်းတွင်းရှိကစားသမားအချိုကမှာတော့ မျက်ရည်တွေနဲ့အတူ စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ကြပါတယ်။

ဒိုင်လူကြီးက ပွဲရပ်နားလိုက်ပြီးနောက် ဒိန်းမတ်နဲ့ ယူကရိန်းကစားသမားအားလုံး ကွင်းလယ်မှာ စုရုံးခဲ့ကြပြီး ပရိသတ်တွေကလည်း ကစားသမားတွေကို လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ကတော့ လက်ရှိအခြေအနေတွေအရ ခရစ္စတီယန်အဲရစ်ဆင် သတိပြန်ရနေပြီး ပြန်လည်သက်သာလာပြီလို့ X လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

"ဒါဟာ လူတိုင်းအတွက် တကယ့်ကို တုန်လှုပ်စရာ အတွေ့အကြုံတစ်ခုပါပဲ" လို့ ပွဲရပ်နားပြီးနောက် ဒိန်းမတ်အသင်းနည်းပြဘရိုင်ယန်ရီမာက TV 2 Sport ဆီ ပြောကြားခဲ့ပါတယ်။

"အရေးကြီးဆုံးအချက်ကတော့ ပထမဦးစွာ အဲရစ်ဆင်နဲ့ပတ်သက်လို့ သတင်းစကားရရှိဖို့ဖြစ်ပြီး ဒါကို ဒေါက်တာမော်တန်ဘိုးဆင်က အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပေးခဲ့ကာ အဲရစ်ဆင် အဆင်ပြေသွားပြီလို့ ကျွန်တော်တို့ကို ပြောပြခဲ့ပါတယ်။ ဒါက အရေးကြီးဆုံးပါပဲ။"လို့ ဆက်ပြောခဲ့ပါတယ်။