The network connection is lost.

Banner Image

ဂျက်ဂရီလစ်ရှ်ရဲ့ ယူရို ၂၀၂၄ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတဲ့အပေါ် သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ပေါလ်မာဆင်

ဆောက်ဂိတ်အနေနဲ့ ဂရီးလစ်ရှ်ကို အင်္ဂလန်လူစာရင်းမှ ချန်လှပ်ထားခဲ့တဲ့အပေါ် သူ့ရဲ့ထင်မြင်ချက်ကို ပေါလ်မာဆင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်စီးတီးမှာ ယခင်ရာသီတွေလို အမြင့်ဆုံးသို့ မရောက်ရှိခဲ့ပေမယ့် တောင်ပံကစားသမားဟာ ယူရို ၂၀၂၄ အတွက် အင်္ဂလန်လူစာရင်းမှာ ပါဝင်ဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ သို့သော်လည်း ဆောက်ဂိတ်က ပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦးအထိ လျှော့ချလိုက်တဲ့အခါ ဘိုဝမ်၊ ပါမာလ်နှင့် ဂေါ်ဒွန်တို့သာ ပါဝင်လာခဲ့ပြီး ဂရီးလစ်ရှ်ဟာ မက်ဒီဆင်နဲ့အတူ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဂရီးလစ်ရှ်ရဲ့ မပါဝင်မှုက အင်္ဂလန်အသင်းဖော်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပြီး စီနီယာကစားသမားတစ်ဦးဟာဆိုရင် အဆိုပါဆုံးဖြတ်ချက်ကို အံ့အားသင့်စေခဲ့ကာ နည်းပြနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ လက်ရှိတွင် အုပ်စု C မှာ ရှုံးပွဲမရှိအောင် ရပ်တည်နေနိုင်သော်လည်း အင်္ဂလန်နှင့် ဆောက်ဂိတ်တို့ဟာ ပထမဆုံးနှစ်ပွဲကစားပြီးချိန်၌ တိုက်စစ်တွင် ကောင်းမွန်မှုမရှိနေတာကြောင့် ပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းကို ခံနေရပါတယ်။ အင်္ဂလန်ရဲ့ ဒိန်းမတ်နဲ့ သရေပွဲအပြီးမှာ ဂရီးလစ်ရှ်ဟာ အဝတ်လဲခန်းထဲမှာ ပဋိပက္ခမဖြစ်ဖို့ အိမ်မှာကျန်ခဲ့တယ်လို့ထင်ကြောင်း မာဆန်က ဖွင့်ဟပြောကြားခဲ့ပါတယ်။

"ဂေါ်ဒွန်နဲ့ ပါမားလ်တို့က ဘာတွေတွေးနေကြတာလဲ။ ဆိုးရွားတဲ့ စွမ်းဆောင်မှုတွေအပြီးမှာ သူတို့တွေက ဘာကြောင့် တစ်မိနစ်လောက်မှ မကစားရသေးတာလဲ ဘာလိုဒီမှာရှိနေကြတာလဲ" "ဒီမှာရှိမနေတဲ့အတွက် ဂရီးလစ်ချ်လည်း ရူးသွားမယ်လို့ ထင်မိပါတယ်။ အခုတော့ ဂေါ်ဒွန်နဲ့ ပါမားလ်တို့က ဘာမှပြောနေမယ်မထင်ပါဘူး။ အဲ့ဒီမှာထိုင်နေပြီး ဖြစ်နိုင်ရင် ငါတော့ကစားသင့်တယ်လို့ သူတို့ကိုယ်သူတို့ ပြောနေမယ်လို့ တွေးကြည့်မိပါတယ်" "သူ့ကို ဘာမှပြောနေတာ မတွေ့ပါဘူး။ ဂရီးလစ်ရှ်ဆိုရင် ဆောက်ဂိတ်ဆီကိုသွားပြီး ကျွန်တော် ဘာလို့မကစားရတာလဲလို့ သွားမေးမှာပါ" လို့ အာဆင်နယ်ဂန္တဝင် က Football's Greatest podcast မှာ ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့တုန်းက အနိုင်ရလဒ်ရရှိဖို့ လုပ်ဆောင်နေချိန်မှာ ဘိုဝမ်ကို သုံးခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်ကြောင်း မာဆင်က ဆက်ပြောပါတယ်။ "အနိုင်ရချင်ပြီး ဆက်လက်ဦးဆောင်ချင်တယ်ဆိုရင် ဘိုဝမ်က ကောင်းပါတယ်" "သူ့ကို ညာဘက်မှာ ထားလိုက်မယ်ဆိုရင် သူပြောခဲ့တဲ့အတိုင်း လုပ်မှာပါ။ သူက ရှေ့နောက် နေရာယူ ကစားနေမှာဖြစ်ပြီး ဖြတ်တင်မှုတွေကို တားဆီးကာ အသင်းဖော်တွေထံ ပေးမှာပါ။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ ပွဲကိုအနိုင်ရရှိဖို့ သူ့ကိုထည့်မှာ မဟုတ်ပါဘူး" "အသင်းမှာ အခြားကစားသမားတွေအများကြီးရှိပါတယ်။ ပါမားလ်ကို ထားပြီးကစားရမှာပါ။ သူဟာ ဒီရာသီမှာ ဂိုး ၂၀ သွင်းယူထားသူပါ။ ဒီလို စိတ်ဓာတ်မျိုးနဲ့ သူကစားနိုင်ပါတယ်" "အီးဇီးကလည်း ဘောလုံးကို ပြင်းပြင်းထန်ထန် မထိပါဘူး။ အစီအစဉ်ဆိုတာ မရှိနေပါဘူး။ ဝက်ကင်းစ်ကလည်းကစားချင်ပေမယ့် ကိန်းကို အသင်းမှာ ဆက်ထားဖို့ လိုပါတယ်။ ကိန်းကို အသင်းမှာ ဆက်ထိန်းထားဖို့ နည်းလမ်းရှာရမယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့အဆင့် ကစားသမားတွေကို ကွင်းထဲမှာ ထားဖို့လိုပါတယ်" လို့ မာဆင်က ပြောပါတယ်။