The network connection is lost.

Banner Image

လီဗာပူးမှ ထွက်ခွာမှုတွင် အခက်အခဲနှင့် ရင်ဆိုင်နေရတဲ့ ဒါဝင်နူနက်ဇ်

လီဗာပူး ကစားသမားဟာ မန်နေဂျာတစ်ဦးရဲ့အလိုရှိဆုံးစာရင်း ထိပ်ဆုံးတွင် ရှိနေသော်လည်း ဒါဝင်နူနက်ဇ် ရဲ့ စိတ်လှုပ်ရှားဖွယ် အပြောင်းအရွှေ့ အခွင့်အလမ်းများမှာ အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ထင်ရပါတယ်။

Sport Witness မှတစ်ဆင့် Corriere dello Sport ရဲ့ အဆိုအရ နူနက်ဇ် ဟာ နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီ ရဲ့ အလိုရှိဆုံးစာရင်း ထိပ်ဆုံးတွင် ရှိနေသော်လည်း လီဗာပူး ရဲ့ တန်ကြေးနှင့် တိုက်စစ်မှူး၏ လုပ်ခလစာ တောင်းဆိုမှုများကြောင့် အပြောင်းအရွှေ့ ပျက်သွားနိုင်နေတာ ဖြစ်ပါတယ်။ ထို့အပြင် အူဒီနီးစ် မှ လော်ရန်ဇို လူကာ ကို လိုက်နေတယ်လို့ သတင်းများက ဖော်ပြထားပြီး အကယ်၍ ထိုအပြောင်းအရွှေ့ကို အကောင်အထည်ဖော်ပါက နူနက်ဇ်က ပိုလျှံနေတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။

ဥရုဂွေး လက်ရွေးစင်ဟာ လီဗာပူးတွင် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ်မှ အရန်ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး ဇန်နဝါရီလကပင် ရောင်းချလုနီးပါး ဖြစ်ခဲ့ပါတယ်။အသက် ၂၅ နှစ်အရွယ် ကစားသမားအတွက် ယူရို သန်း ၆၀ (ပေါင် ၅၁ သန်း / ဒေါ်လာ ၆၉ သန်း) ဝန်းကျင် တန်ဖိုးဖြတ်ထားတယ်လို့ သတင်းများက ဖော်ပြပြီး စီးရီးအေ ချန်ပီယံထံ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသော်လည်း နာပိုလီသို့ ပြောင်းရွှေ့ခြင်းက အဆုံးသတ်စေနိုင်နေတာ ဖြစ်ပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ် ပွဲ ၃၀ တွင် ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ နူနက်ဇ်က အက်သလက်တီကို မက်ဒရစ် နှင့် အေစီမီလန် တို့ရဲ့ စိတ်ဝင်စားမှု ကိုလည်း ရရှိထားသော်လည်း ဆော်ဒီပရိုလိဂ်) ကမ်းလှမ်းမှုများကို စိတ်မဝင်စားပုံရနေပါတယ်။

အန်ဖီးလ်တွင် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဘင်ဖီကာတိုက်စစ်မှူးဟောင်း နူနက်ဇ် က လီဗာပူး အတွက် နောက်ဆုံးပွဲ ကစားခဲ့တာ ဖြစ်နိုင်ပြီး လီဗာပူးကလည်း နံပါတ် ၉ အသစ်တစ်ဦးကို စိတ်ဝင်စားပုံရနေတာကြောင့် နူနက်ဇ် ရဲ့ အနာဂတ်က မည်သည့်နေရာတွင် ရှိနေမည်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။