The network connection is lost.

Banner Image

အနီကတ်က ပွဲကိုပြိုလဲစေခဲ့တယ်လို့ နာပိုလီနည်းပြ ကွန်တီ ပြောကြား

နာပိုလီအသင်းနည်းပြ ကွန်တီက ဒီလော်ရန်ဇိုအနီကတ်က ပွဲကိုပြိုလဲစေခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီဘရိုင်းတစ်ယောက် အီတီဟက်အိမ်ပြန်ခရီးက ၂၅ မိနစ်သာ ကြာမြင့်ခဲ့ပြီး အနီကတ်ကြောင့် လူစားလဲခံခဲ့ရပါတယ်။ ကွန်တီကတော့ သူ့အနေနဲ့ ခက်ခဲတဲ့ရွေးချယ်မှုကိုလုပ်ခဲ့ရတာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့သလို သူကော ဒီဘရိုင်းပါ စိတ်ပျက်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားကို စီးတီးပရိသတ်တွေက ဟီးရိုးတစ်ယောက်လိုကြိုဆိုခဲ့ကြပေမယ့် သူ့ရဲ့ပွဲအတွင်းပါဝင်မှုက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

နာပိုလီအသင်းခေါင်းဆောင် ဒီလော်ရန်ဇိုက ပွဲကစားချိန် ၂၁ မိနစ်မှာ အထုတ်ခံခဲ့ရပြီး ကွန်တီတစ်ယောက် အသင်းကိုပြင်ဆင်ခဲ့ရပါတယ်။ အဲ့နောက် ဒီဘရိုင်းကိုထုတ်ပယ်ကာ အိုလီဗီယာကို ထည့်သွင်းခဲ့ရပါတယ်။ ကွန်တီက ဒီဘရိုင်းကို ထုတ်ပယ်ခဲ့ရတဲ့အတွက် နာကျင်စရာရွေးချယ်မှုလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ 

“ကျွန်တော်တို့အလယ်ကနေ ရွေးချယ်ရတာပါ။ အဲ့အချိန်တုန်းက ကျွန်တော်လုပ်နိုင်တာ အဲ့တစ်ခုပဲရှိပါတယ်။ ကောင်လေးကတော့ စိတ်ပျက်နေလောက်မှာပါ။ သူ့အနေနဲ့ဆိုရင် အသင်းဟောင်းကွင်းထဲမှာ ပြန်ကစားရတဲ့စိတ်ကျေနပ်မှုရစေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့လိုကစားသမားမျိုးကို လက်လွှတ်ရတာက ခက်ခဲပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ အခုအခြေအနေက နာကျင်နိုင်ပါတယ်။ ၁၀ ယောက်တည်းဖြစ်နေချိန်မှာ ကျွန်တော်လုပ်နိုင်တဲ့တစ်ခုတည်းသောအရာကလည်း အဲ့တာပဲရှိပါတယ်။ အခြေအနေစောင့်ဆိုင်ပြီး တန်ပြန်တိုက်စစ်ကနေ စတင်နိုင်ဖို့ပါ။ ဒါပေမယ့် အဲ့အစား ကျွန်တော်တို့ ဖိအားပေးမှုတွေကနေ ဂိုးတွေပေးလိုက်ရပါတယ်။ ကျွန်တော်တို့ ဒီလိုအခိုက်အတန့်တွေကနေ ရင့်ကျက်မှု ၊ နားလည်မှုပိုလိုအပ်ပါတယ်။ ကျွန်တော်တို့ ရက်ရောသလိုဖြစ်နေပါတယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

စီးတီးဟာ ဒုတိယပိုင်းမှာ အချက်အလက်တွေအသာယူနိုင်ခဲ့ပြီး ဟာလန်းက ၄၉ ပွဲမှာ ချန်ပီယံလိဂ် ၅၀ ဂိုးသွင်းယူနိုင်ခဲ့ပြီး နစ္စတယ်ရွိုင်းလ်စံချိန်ကို ချိုးဖြတ်နိုင်ခဲ့ပါတယ်။ အဲ့နောက် ဒိုဂူရဲ့တစ်ဦးတည်းအားထုတ်မှုကနေ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီဘရိုင်းဟာ စီးတီးပရိသတ်တွေရဲ့အချစ်ကိုရရှိခဲ့ပြီး ဆယ်စုနှစ်တာကာလအတွင်းမှာ ဆုဖလား ၁၉ လုံးအထိရယူနိုင်ခဲ့ပါတယ်။ အသင်းဖော်ဟောင်းတွေကလည်း ပွဲအပြီးမှာ ဘယ်လ်ဂျီယံသားကို ဂုဏ်ပြုသလို အသင်းဘက်ကလည်း ဒီဘရိုင်းရုပ်ထုကို အီတီဟက်ကွင်းအပြင်ဘက်မှာ ထုလုပ်ထားရှိဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ စီးတီးဟာ လက်ရှိမှာ အာဆင်နယ်နဲ့ပွဲကို အာရုံစိုက်ရမှာဖြစ်ပြီး နာပိုလီကတော့ ပီဆာအသင်းနဲ့ပွဲအတွက် အာရုံစိုက်ရမှာဖြစ်ပါတယ်။