The network connection is lost.

Banner Image

ပိုချက်တီနိုကို တာဝန်ပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ကွန်တီ

ပိုချက်တီနိုကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကွန်တီက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။

အိုးထရက်ဖို့ဒ်နည်းပြရာထူးလစ်လပ်မှုနဲ့အတူ သတင်းတွေထွက်ပေါ်ခဲ့ဖူးတဲ့ ဒီအီတာလျံလူမျိုးနည်းပြက သူ့ရဲ့တောင်းဆိုမှုများပြားတဲ့ နည်းစနစ်ပိုင်းတွေကြောင့် တာဝန်ပေးအပ်ဖို့ တွန့်ဆုတ်နေကြတဲ့ ကလပ်အသင်းတွေကို အနိုင်ရရှိဖို့အရေး ထိတ်လန့်နေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။

လတ်တလောမှာ သရဲနီတွေက ပရိးမီးယားလိဂ်ရာသီအဖွင့် ၁၀ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိပြီး တန်းဆင်းဇုန်ဆီ ကျရောက်နေပါတယ်။

Cronache di spogliatoio ဆီ ကွန်တီက "မန်ချက်စတာယူနိုက်တက်မှာ တကယ်ကို ကြီးကျယ်တဲ့ သမိုင်းကြောင်း ရှိနေပါတယ်။ ဒါကြောင့် ကလပ်အသင်းကို သူ့ရဲ့ မူလ အဆင့်အတန်းအစစ်အမှန်ဆီ ပြန်လည်ရောက်ရှိစေမယ့် ချဉ်းကပ်ပုံမျိုးကို ကြောက်ရွံ့နေသူတစ်ဦးဦး ရှိနေတယ်လို့ တွေးနေရတဲ့အချက်က ကျွန်တော့်အတွက် ထူးဆန်းနေပါတယ်" လို့ ပြောပါတယ်။

"သူတို့က ဖာဂူဆန်လက်ထက် ၂၀၁၃ ခုနှစ်မှာ နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးခဲ့ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်အပေါ် ကျွန်တော် အထူးလေးစားပါတယ်။ ကျွန်တော် သူ့စာအုပ်ကို ဖတ်ခဲ့ဖူးသလို လန်ဒန်မှာ ရှိချိန်တုန်းကလည်း သူ့အိမ်ဆီ သွားရောက်လည်ပတ်ပြီး သူနဲ့အတူ တစ်နေ့တာ ကုန်ဆုံးခွင့်ရခဲ့တဲ့ ကံကောင်းမှုမျိုး ရှိခဲ့ပါတယ်။ သူ့မှာ ဘောလုံးအကြောင်း ပြောဆိုဖို့အတွက် မယုံနိုင်စရာ စိတ်အားထက်သန်မှု ရှိပါတယ်"

"အကယ်၍ တစ်ဦးဦးက ကျွန်တော့်ရဲ့နည်းစနစ်ကို ကြောက်ရွံ့နေမယ်ဆိုရင် ဒီလူက အနိုင်ရရှိမယ့်အရေးကို ကြောက်ရွံ့နေကြတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီနည်းစနစ်ကသာ အောင်ပွဲဆီ ဦးတည်စေလို့ပါပဲ။ ဒါက ကျွန်တော့်ရဲ့အဖြေပါပဲ။ ဒါကြောင့်လည်း တချို့သောပြောဆိုချက်တွေကို ယူနိုက်တက်အပေါ် စော်ကားသလို ဖြစ်နေတယ်လို့ ကျွန်တော်‌ မြင်ပါတယ်။ ဒါက ကလပ်အသင်းတစ်ခုအတွက် သူတို့ရဲ့သမိုင်းကြောင်းဆီ ပြန်လည်ရောက်ရှိမယ့်ကိစ္စအပေါ် တစ်စုံတစ်ဦးက ဗီတိုအာဏာသုံးပြီး ပိတ်ပင်တားဆီးနေသလို ဖြစ်နေပါတယ်"

"ကြီးမားတဲ့ရလဒ်တွေ ရရှိဖို့အတွက် စနစ်ကျတဲ့ နည်းလမ်းတစ်ခု လိုအပ်ပါတယ်။ ဒီနည်းလမ်းက အလုပ်ကြိုးစားဖို့ လိုအပ်တယ်လို့ ခင်ဗျား ပြောမယ်ဆိုရင်တော့ ဟုတ်ပါတယ်၊ တကယ် အလုပ်ကြိုးစားရပါမယ်။ ကစားသမားတွေတင် မဟုတ်ဘဲ လူတိုင်း အလုပ်ကြိုးစားကြရပါမယ်" လို့ ဆိုပါတယ်။

ကွန်တီက စီးရီးအေချန်ပီယံဆု ၅ ကြိမ် ဆွတ်ခူးခဲ့ဖူးသလို ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ရရှိခဲ့ဖူးပါတယ်။