The network connection is lost.

Banner Image

ဂွါဒီယိုလာရဲ့ပြောကြားချက်ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ မော်ရင်ဟို

ဖီနာဘာချီနည်းပြ မော်ရင်ဟိုက ဂွါဒီယိုလာရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဂွါဒီယိုလာဟာ လီဗာပူးကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ လီဗာပူးပရိသတ်တွေထံ သူပရီးမီးယားလိဂ်ဘယ်နလုံးရယူထားနိုင်လဲဆိုတာကို လက် ၆ ချောင်းထောင်ပြီး လုပ်ပြခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုကလည်း ယခင်ယူနိုက်တက်မှာတုန်းက ချဲလ်ဆီး နဲ့ တော့တင်ဟမ်ပရိသတ်တွေထံ အခုလိုမျိုးလုပ်ပြခဲ့သေးတာဖြစ်ပါတယ်။ အဆိုပါအပြုအမူလုပ်ဆောင်ပြီး သိပ်မကြာခင်မှာပဲ ယူနိုက်တက်ဟာ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပါတယ်။ ဂွါဒီယိုလာကလည်း လီဗာပူးကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အခုလိုလုပ်ပြခဲ့တာကြောင့် မော်ရင်ဟိုလိုမျိုးဖြစ်လာနိုင်တယ်လို့ မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

“အဲ့တာက ကျွန်တော့်ပြဿနာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ သူက ဆုဖလား ၃ ကြိမ်ရယူနိုင်ခဲ့သလို ကျွန်တော်က ၆ လုံးရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆင်တူပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး မော်ရင်ဟိုက “မနေ့တုန်းက ဂွါဒီယိုလာကတစ်စုံတစ်ခုပြောခဲ့ပါတယ်။ သူက ဆုဖလား ၆ လုံးရယူနိုင်ခဲ့ပြီး ကျွန်တော်က ၃ လုံးရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်က မျှမျှတတ ၊ ပြီးတော့သန့်သန့့်ရှင်းရှင်းရခဲ့တာပါ။

ကျွန်တော်အရေးနိမ့်ခဲ့မယ်ဆိုရင် ပြိုင်ဘက်ကို ဂုဏ်ပြုသွားမှာပါ။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ထက်ပိုကောင်းနေလို့ပါ။ ကျွန်တော်က ဥပဒေချိုးဖောက်မှု ၁၁၅ ကြိမ်နဲ့အနိုင်မရချင်ပါဘူး”လို့ မော်ရင်ဟိုက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
မော်ရင်ဟိုက မန်စီးတီးရဲ့ဘဏ္ဍာရေးချိုးဖောက်မှု ၁၁၅ ကြိမ်ကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စီးတီးဟာ အဆိုပါကာလတွေအတွင်းမှာ ပရီးမီးယားလိဂ် ၃ ကြိမ်ရယူနိုင်ခဲ့ပြီး ၂၀၁၂ ၊ ၂၀၁၄ နဲ့ ၂၀၁၈ တွေမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အသင်းဘက်ကတော့ အဆိုပါစွပ်စွဲမှုတွေကို ငြင်းဆန်ထားပြီး လာမယ့် ၂၀၂၅ မတိုင်ခင်အထိ ထူးခြားဖွယ်မရှိတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ မကြာသေးခင်တုန်းက နိုင်ပွဲပြန်တွေ့ခဲ့ပြီး အိမ်ကွင်းမှာ နော်တင်ဟမ်ကို ၃ ဂိုးပြတ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ လာမယ့်စနေနေ့မှာ စီးတီးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အဝေးကွင်းမှာ ကန်ရမှာဖြစ်ပါတယ်။