
လာမယ့်ရာသီ ယူနိုက်တက်နှင့် ချဲလ်ဆီးတို့အပေါ် ဟောကိန်းထုတ်လိုက်တဲ့ မော်ရင်ဟို
ရာသီကုန်ခါနီးတွင်း ရလဒ်ကောင်းတွေ ရရှိကာ အသင်းအား ဥရောပဝင်ခွင့်ရရှိအောင် လုပ်နိုင်ခဲ့တဲ့ ပိုချက်တီနိုကို ချဲလ်ဆီးဟာ နည်းပြအဖြစ်မှ အံ့ဩဖွယ်ထုတ်ပယ်ခဲ့ပြီးနောက် လက်စတာစီးတီးက အန်ဇိုမာရက်စ်ကာကို အစားထိုးခန့်အပ်လိုက်တာဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း တန်ဟက်ရဲ့နေရာကို အစားထိုးဖို့ရှိနေပြီး နယ်သာလန်နိုင်ငံသားရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် သုံးသပ်မှုများပြုလုပ်နေကာ ပိုချက်တီနို၊ တူချယ်၊ အင်းဆွစ်တောင်းမှာသာ ဆက်ရှိနေတဲ့ မက်ကန်နာတို့ကို နည်းပြသစ်အဖြစ် လျားထားနေတာဖြစ်ပါတယ်။
ဇန်နဝါရီလတွင် ရိုးမားနည်းပြအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် မော်ရင်ဟိုဟာ နည်းပြအလုပ်သို့ ပြန်လည်ဝင်ရောက်လာပြီး တူရကီကလပ် ဖီနာဘာချီကို ကိုင်တွယ်တော့မှာဖြစ်ပါတယ်။ အသက် ၆၁ နှစ်အရွယ် နည်းပြဟာ TNT Sports မှာ ချန်ပီယံလိဂ်ဖိုင်နယ်အတွက် သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး သူ့ရဲ့ကလပ်ဟောင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရပါတယ်။
ပိုချက်တီနိုကိုထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ အခြေအနေအကြောင်း မေးမြန်းရာမှာ မော်ရင်ဟိုက "ကျွန်တော်မှာ ပြောစရာမရှိပါဘူး" "တော့တင်ဟမ်အတွက်တော့ ပြောစရာရှိပါတယ်။ ဒီအသင်းက အမြဲလိုလို အဆင့် ၄ အတွင်း ဝင်ရောက်ဖို့ ကြိုးစားနေပြီး ၄ ၅ ၆ အတွင်း ဝင်ရောက်ကာ လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရရှိတဲ့အတွက် အံ့ဩဖို့ကောင်းပါတယ်" "သူတို့အသင်းက တည်ငြိမ်ပုံရပြီး ပိုမိုရင်းနှီးမြှပ်နှံမှုလည်းလုပ်လာကာ အသင်းမှာ လှပတဲ့ ကွင်းကြီးလိုပဲ ကောင်းမွန်တဲ့ ထောက်ပံ့မှုတွေရှိနေပါတယ် ဒါကို အားလုံးလည်းသိမှာပါ" "ချဲလ်ဆီးအကြောင်းကိုတော့ ကျွန်တော် တကယ်မသိပါဘူး" ယူနိုက်တက်အကြောင်းမေးတဲ့အခါ "တိုးတက်မှု အနည်းငယ်ရှိလာပြီး ချဲလ်ဆီးနဲ့အတူတူပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။