The network connection is lost.

Banner Image

ဗင်နီစီးယက်စ်နေရာမှာသာဆိုရင် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာသွားလောက်ပြီလို့ ပြောဆိုလိုက်တဲ့ မော်ရင်ဟို

ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ဟိုက သူသာ အသင်းကြယ်ပွင့်ဗင်နီစီးယက်စ်နေရာမှာဆိုရင် စပိန်ဘောလုံးလောကမှာ ဖြတ်သန်းနေတဲ့ ကစားသမားဘဝကို အဆုံးသတ်ကာ ထွက်ခွာသွားမိလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူးဗင်နီစီးယက်စ်ကတော့ အခုသီတင်းပတ်အတွင်း စပိန်သတင်းမီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းသတင်းတွေမှာ အဓိကနေရာမှ နောက်တစ်ကြိမ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် ဘရာဇီးကြယ်ပွင့်က လေးပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ထားရပါတယ်။

ဆန်တီယာဂိုဘာနေဗျူးတာဝန်ရှိသူတွေက ဒီပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အယူခံ ပယ်ချခံရလို့ လာမယ့် ဆီဗီလာ၊ ဘာစီလိုနာ၊ ရေးဆင်း၊ ဗလန်စီယာတို့နဲ့ ကစားရမယ့် ပွဲစဉ်အားလုံးကို တောင်ပံကစားသမား လွဲချော်သွားပါတော့မယ်။

စနေနေ့သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုဆီ လူငယ်ကစားသမားဘ၀ကတည်းက စပိန်မြေမှာ အခြေချလာခဲ့ပြီး အကဲဆတ်တဲ့ ဗင်နီးစီးယက်စ်အပြုအမူတွေနဲ့ပတ်သက်လို့ သုံးသပ်ပေးဖို့ တောင်းဆိုလာကြပါတယ်။

ပွင့်ပွင်းလင်းလင်းပြောရဲဆိုရဲတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြကလည်း "ကျွန်တော်သာ ဗင်နီးစီးယက်စ်ဆိုရင် အခုထိ မရှိနေတော့ပါဘူး။ ကျွန်တော့်အပေါ် လေးစားတန်ဖိုးထားမယ့် တိုင်းပြည်တစ်ခုဆီ ပြောင်းရွှေ့ခွင့်ရရှိဖို့ တောင်းဆိုမိပါလိမ့်မယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အပေါ် သစ္စာစောင့်သိမှုနဲ့ ကလပ်အသင်းအပေါ် ချစ်မြတ်နိုးစိတ်ကြောင့်ပဲ သူ ဆက်ရှိနေခဲ့ပါတယ်"

"အရာအားလုံး ပိုကောင်းလာနိုင်မယ်လို့ သူ ယုံကြည်ထားသလို အပြုံးတွေကိုလည်း အမြဲတမ်း ဆက်လက်ထိန်းသိမ်းထားပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။