The network connection is lost.

Banner Image

ယူကရိန်းကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးအရေအတွက်တူညီခဲ့ပြီးနောက် အွန်နရီကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ အမ်ဘာပေ

ကီလီယန်အမ်ဘာပေက ပြင်သစ်ဂန္ထဝင်ကစားသမား သီယာရီဟင်နရီနဲ့ နိုင်ငံတကာဂိုး (၅၁)ဂိုးအရေအတွက်တူညီသွားခဲ့ပြီးနောက် ပြင်သစ်အသင်းအတွက် အနာဂတ်ကြယ်ပွင့်တွေရဲ့ လမ်းခင်းပေးခဲ့တဲ့ အွန်နရီကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ သောကြာနေ့က ပိုလန်နိုင်ငံမှာကစားခဲ့တဲ့ ယူကရိန်းအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပြင်သစ်အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အမ်ဘာပေဟာ နိုင်ငံအတွက် ဂိုးသွင်းအများဆုံးစံချိန်ရှင် ဂျီရော့ဒ်နဲ့ ၆ ဂိုးအကွာမှာရှိနေပြီး အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း အွန်နရီနဲ့အတူ ဂိုးသွင်းအများဆုံးစာရင်းမှာ ဒုတိယနေရာမှာရှိနေပါတယ်။

TF1 ကို အမ်ဘာပေက "တီတီ (အွန်နရီ) အတွက် ဂုဏ်ယူပါတယ်! ဒါပေမဲ့ ကျွန်တော်အဲဒီထက်ပိုပြီး ဂိုးသွင်းချင်ပါသေးတယ်။ သီယာရီအွန်နရီလို ကစားသမားမျိုးနဲ့ ဂိုးအရေအတွက်တူညီသွားရတာ ဂုဏ်ယူပါတယ်။ သူက ကျွန်တော်တို့ ပြင်သစ်လူမျိုးတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို လူတိုင်းသိပါတယ်၊ အထူးသဖြင့် တိုက်စစ်မှူးတွေအတွက်ပေါ့။ သူက လမ်းခင်းပေးခဲ့တဲ့သူတစ်ယောက်ပါ။ သူ့ကိုအများကြီး လေးစားမြတ်နိုးပါတယ်။

ဒီအရေအတွက်ကို ဒီလောက်မြန်မြန်ရရှိခဲ့တာကတော့ မယုံနိုင်စရာပါပဲ။ ကျွန်တော် ဆက်ပြီးဂိုးသွင်းချင်ပါတယ်၊ အဓိကအားဖြင့် ပွဲတွေကိုအနိုင်ရပြီး ဖလားတွေရယူချင်ပါတယ်။ စံချိန်ကပိုနီးကပ်လာပြီ၊ ဒါပေမဲ့ အဲဒါကိုကျွန်တော် သိပ်ပြီးမစဉ်းစားထားပါဘူး။ သူ(ဟင်နရီ) ကိုကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်လို့လား ဒါမှမဟုတ် တခြားအရာတွေက ပိုအရေးကြီးတယ်လို့ထင်လို့လားတော့မသိပါဘူး။

ဒါပေမဲ့ ပြင်သစ်အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာဖို့ဆိုတာကတော့ ပေါ့သေးသေးကိစ္စတော့မဟုတ်ပါဘူး"လို့ပြောကြားခဲ့ပါတယ်။ အမ်ဘာပေဟာ အွန်နရီထက် ၃၂ ပွဲလျော့ပြီး ၅၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။