The network connection is lost.

Banner Image

ဝါရင့်တိုက်စစ်မှူး အိုလီဗီယာဂျရူး လိုင်လီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆို

ဝါရင့်တိုက်စစ်မှူး အိုလီဗီယာဂျရူးဟာ လိုင်လီအသင်းနဲ့ တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဂျရူးဟာ ပြီးခဲ့တဲ့နွေရာသီက LAFC အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပြင်သစ်ကလပ်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၄၄ ပွဲကစားပေးရာမှာ ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်သူ ဂျရူးဟာ အခုဆိုရင် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်လို့ အသက် ၄၀ အရွယ်အထိ ဆက်လက်ကစားသွားတော့မှာဖြစ်ကြောင်း လိုင်လီအသင်းက အတည်ပြုခဲ့ပါတယ်။

အသင်းရဲ့ မီဒီယာအဖွဲ့နဲ့ အင်တာဗျူးမှာ ဂျရူးက “ဒီမှာ ဆက်ပြီးရှိနေခွင့်ရတဲ့အတွက် ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော် ဒီအသင်းကို စရောက်လာတဲ့အချိန်တုန်းကတော့ အခုလိုဖြစ်လာဖို့ သိပ်ပြီး မမျှော်လင့်ထားခဲ့ပါဘူး။

အခုတော့ ကျွန်တော် ဒီမှာ အရမ်းပျော်နေပြီး ကိုယ့်အိမ်မှာကိုယ် ရှိနေသလိုမျိုး ခံစားရပါတယ်။ ပြင်သစ်ကနေ ထွက်သွားပြီး ၁၃ နှစ်အကြာမှာ လီဂူးဝမ်းပြိုင်ပွဲဆီ ပြန်လာခွင့်ရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်။

မိသားစုနဲ့လည်း ပိုနီးစပ်သွားသလို ကျွန်တော် မသိသေးတဲ့ ဒီဒေသက လူတွေရဲ့ နွေးထွေးတဲ့ စိတ်နေစိတ်ထားတွေကိုလည်း သိခွင့်ရခဲ့ပါတယ်။

မြောက်ပိုင်းဒေသရဲ့ ကြိုဆိုမှုတွေနဲ့ လူတွေရဲ့ တန်ဖိုးထားမှုတွေဟာ ကျွန်တော့်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီနေတာကြောင့် ဒီနေရာကို တကယ် သဘောကျမိတာပါ။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတင် မိသားစုဝင်တစ်ယောက်လိုမျိုး ခံစားလာရပြီး အရာအားလုံးက သဘာဝအတိုင်း အံဝင်ခွင်ကျ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် တကယ့်ကို ပျော်ရွှင်စရာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။