The network connection is lost.

Banner Image

ပဲလေ့စ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ပေမဲ့ အကောင်းမြင်စရာ အချက်တွေကို တွေ့မြင်ခဲ့တဲ့ ဂလက်စ်နာ

အိုလီဗာဂလက်စ်နာက ဆဲလ်ဟတ်ပတ်ခ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ နော်တင်ဟမ်ဖောရက်စ်အတွက် အခုရာသီ၊ သူတို့ရဲ့အကောင်းဆုံးပထမပိုင်းစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အခုပွဲစဉ်မှာ ဧည့်သည်တွေက အစောပိုင်းပွဲချိန် ၄၅ မိနစ်ကို စိုးမိုးထားနိုင်ခဲ့ပြီး သက်သောင့်သက်သာ ဦးဆောင်နိုင်စေမယ့် အခွင့်အရေးအများအပြားကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အခွင့်အရေးကောင်းတွေ ဖြုန်းတီးပစ်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်ရဲ့အမှားကို အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်က အပြစ်ပေးခဲ့ပြီး ပထမပိုင်းပွဲချိန်မပြီးဆုံးခင် နှစ်ဂိုး သွင်းယူခဲ့သလို ဒုတိယပိုင်းမှာလည်း နောက်ထပ်တစ်ဂိုး သွင်းယူခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်နည်းပြဂလက်စ်နာကတော့ စိတ်ပျက်စရာရလဒ်ပိုင်း ထွက်ပေါ်ခဲ့ပေမဲ့ အကောင်းမြင်စိတ် ဆက်လက်ထားရှိကြဖို့ သူ့ရဲ့ကစားသမားတွေဆီ တိုက်တွန်းခဲ့ပါတယ်။

ပွဲစဉ်အပြီး မီဒီယာတွေနဲ့တွေ့ဆုံချိန် ဂလက်စ်နာက "ဘောလုံးလောကရဲ့ သက်တမ်းအရင့်ဆုံး စည်းမျဉ်းကတော့ ကိုယ်ကိုယ်တိုင် ဂိုးမသွင်းနိုင်ရင် ဂိုးပေးရတတ်တယ်ဆိုတာပါပဲ။ သုံးဂိုးပြတ် သို့မဟုတ် လေးဂိုးပြတ်လောက်နဲ့ ဦးဆောင်နေရမယ့်အစား ပထမပိုင်းအပြီးမှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်နေတယ်ဆိုတာ တကယ်ထူးဆန်းသလို ခံစားရပါတယ်" လို့ ပြောပါတယ်။

"ဒါပေမဲ့ ဒါက အခုဘောလုံးရာသီ၊ ကျွန်တော်တို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ပါပဲ။ ကျွန်တော်တို့တွေ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ကစားသမားတွေက အစွမ်းကုန်ကြိုးစားခဲ့ကြပေမဲ့ အဆုံးသတ်မှာတော့ ဂိုးတိုင်ထိတာ၊ ပြိုင်ဘက်ဂိုးသမားကာကွယ်တာ သို့မဟုတ် ဂိုးပေါက်လွဲချော်သွားတာတွေပဲ အမြဲဖြစ်နေခဲ့ပါတယ်"

"ကျွန်တော်တို့ ဂိုးသွင်းယူနိုင်သင့်တဲ့ အချိန်တိုင်းမှာ ဂိုးပေးခဲ့ရတာပါ"

"ကျွန်တော်တို့အတွက် အရေးကြီးဆုံးအရာကတော့ စိတ်အေးအေးထားဖို့၊ ဒီရလဒ်ကြောင့် အဆိုးမြင်စိတ်တွေ ဝင်မလာစေဖို့နဲ့ တစ်ပတ်ပြီးတစ်ပတ် ပိုမိုတိုးတက်လာနေတဲ့ စွမ်းဆောင်ရည်ကို ကြည့်ရှုဖို့ပါပဲ" လို့ ဆိုပါတယ်။