The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့်နဲ့ အေစီမီလန်မှာ ပြန်လည်လက်တွဲလိုနေတဲ့ ရူဘင်အာမိုရင်

အေစီမီလန်မှာ မန်ချက်စတာယူနိုက်တက်လူငယ်နောက်ခံလူယိုရိုနဲ့ ပြန်လည်လက်တွဲဖို့ ရူဘင်အာမိုရင် ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နွေရာသီကာလ ယူနိုက်တက်က ကစားသမားရဲ့ငယ်ဘ၀ကလပ်အသင်းဖြစ်တဲ့ လိုင်လီမှ ယိုရိုကို ပေါင် ၅၉ သန်းဖြင့် ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ အမိအရခေါ်ယူနိုင်ခဲ့ပါတယ်။

အသက် ၂၀ နှစ်အရွယ်သာ ရှိသေးတဲ့ ယိုရိုက အဲ့ဒီကာလမှာ ယူနိုက်တက်ခံစစ်ရဲ့ အနာဂတ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခံခဲ့ရပေမဲ့ အခုတော့ ပွဲထွက်ကစားခွင့်ရရှိဖို့တောင် ရုန်းကန်နေရပါတယ်။

အီတလီသတင်းဌာန Calciomercato ရဲ့ ဖော်ပြချက်အရ အာမိုရင်ရဲ့ အေစီမီလန်အသင်းက ဒီဗဟိုနောက်ခံလူကို ခေါ်ယူနိုင်မယ့် သဘောတူညီချက်တစ်ခု ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

စီးရီးအေကလပ်က ယိုရိုကို ယူရို သန်း ၅၀ ထက်မနည်းတဲ့ ပမာဏဖြင့်ခေါ်ယူဖို့ မျှော်လင့်နေပေမဲ့ သူ့ရဲ့အသက်အရွယ်နဲ့ ပရိသတ်အများစုအသိအမှတ်ပြုထားတဲ့ အလားအလာတွေကို ထည့်သွင်းတွက်ချက်လိုက်မယ်ဆိုရင် ဒီအပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ဆိုတာ အတော်လေးခဲယဉ်းနေပါတယ်။