The network connection is lost.

Banner Image

လေဗာကူဆင်စတားအတွက် အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ မန်စီးတီး

သတင်းတွေအရ မန်စီးတီးအသင်းဟာ လေဗာကူဆင်ကွင်းလယ်လူ ဝီရက်ဇ်ကိုခေါ်ယူဖို့ မိခင်ကလပ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့် ဘိုင်ယန်ဘက်က အခြေအနေကို ထိန်းချုပ်ထားနိုင်ဆဲလို့ သိရပါတယ်။

ဝီရက်ဇ်ဟာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး မကြာသေးခင်တုန်းက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အခုနွေရာသီမှာ အသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်သားကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့် စကိုင်းစပေါ့တ်သတင်းဌာနက မန်စီးတီးဟာ လေဗာကူဆင်နဲ့သဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရ လေဗာကူဆင်ဟာ စီးတီးနဲ့ ပေါင် ၈၃ သန်းတန်ကြေးရှိတဲ့ ရောင်းချမှုတစ်ရပ်နဲ့သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပေမယ့် ဘိုင်ယန်ဘက်ကလည်း ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် ပေါင် ၁၂၆ သန်းအထိ တန်ကြေးတိုးမြှင့်လာဖွယ်ရှိနေပါတယ်။ ၂ သင်းကြားပြိုင်ဆိုင်မှုတွေပြုလုပ်ရဖွယ်ရှိနေပေမယ့် ကစားသမားရဲ့ဆုံးဖြတ်ချက်က အတည်ဖြစ်လာနိုင်ပါတယ်။

ဘိုင်ယန်ဟာ အသက် ၂၂ နှစ်သားကို လုပ်ခလစာပိုင်းညှိနှိုင်းထားနိုင်ခဲ့ပြီး စီးတီးဘက်ကတော့ ဂွါဒီယိုလက်အောက်မှာ သတ်မှတ်ထားတဲ့လုပ်ခလစာပမာဏပဲပေးချေမယ့်ပေါ်လစီရှိနေတာဖြစ်ပါတယ်။ ဘိုင်ယန်အနေနဲ့ ဂျာမန်သားကိုခေါ်ယူနိုင်ဖို့ မြင့်မားတဲ့လုပ်ခလစာပေးချေဖွယ်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း အလွန်ဆိုမရှိတော့တာကြောင့် အသင်းပြောင်းဖို့များနေပါတယ်။

ဝီရက်ဇ် နဲ့ လေဗာကူဆင်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေတာဖြစ်ပြီး နောက်တစ်ရာသီဆက်နေမယ်ဆိုရင်တော့ ဈေးသက်သာနိုင်ပေမယ့် အခုနွေရာသီမှာတင်အသင်းကနေထွက်ခွာဖွယ်ရှိနေပါတယ်။