The network connection is lost.

Banner Image

ရိုဒရီကိုခေါ်ယူဖို့ အလေးအနက်ကြိုးပမ်းလာတော့မယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းက ရိုဒရီရဲ့အပြောင်းအရွှေ့အတွက် သူတို့ရဲ့ စိတ်ကူးကို ပြောင်းလဲလိုက်ပြီး အခုနွေရာသီမှာ မန်စီးတီးကြယ်ပွင့်ကို ခေါ်ယူဖို့ အလေးအနက်လုပ်ဆောင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လတ်တလောမှာ အသက် ၃၀ နှစ်အရွယ်ကစားသမားရဲ့ အနာဂတ်က မရေမရာဖြစ်နေပြီး လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးမယ့် သူ့ရဲ့လက်ရှိစာချုပ်ကြောင့် မန်စီးတီးဘက်ကလည်း စာချုပ်သက်တမ်းတိုးနိုင်ဖို့ အသည်းအသန်ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ ရိုဒရီကတော့ အသင်းမှာ ဆက်နေဖို့ ရှိ၊ မရှိ အသေအချာ အကြောင်းမပြန်သေးပါဘူး။ သတင်းတွေအရ သူက အခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

သတင်းထောက်ရာမွန်အယ်လ်ဗာရက်ဇ်ဒီမွန်ရဲ့အဆိုအရ အခုတော့ နှစ်ဦးနှစ်ဖက်ဆန္ဒချင်း တူညီသွားကြပြီဖြစ်လို့ ရီးရဲလ်မက်ဒရစ်က ဒီကမ္ဘာ့ဖလားချန်ပီယံကစားသမားကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

အရင်တုန်းကတော့ ဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ်က ဒီအပြောင်းအရွှေ့ကို ကန့်ကွက်ခဲ့ဖူးပါတယ်။ အခုတော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဖို့ဆိုတာ ပြဿနာမရှိနိုင်ဘူးလို့ ယူဆရပေမဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးပမာဏအများအပြား ပေးချေသွားဖို့ကိုတော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။