The network connection is lost.

Banner Image

သားဖြစ်သူအတွက် ဂုဏ်ယူမျက်ရည်ကျခဲ့တဲ့ ယူနိုက်တက်စတားရဲ့မိခင်

ယူနိုက်တက်စတား ကိုဘီမီနူးရဲ့မိခင်ဟာ သားဖြစ်သူ လိုင်ယွန်နဲ့ပွဲမှာ အဖိုးတန်ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် ဂုဏ်ယူမျက်ရည်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မီနူးဟာ ပွဲကစားချိန် ၈၇ မိနစ်မှာ ဟွိုက်လန်းအစား လူစားဝင်လာခဲ့တာဖြစ်ပြီး အာမိုရင်ရဲ့ယုံကြည်မှုကို ရယူနိုင်ခဲ့ကာ ပွဲကစားချိန် ၁၂၀ မိနစ်မှာ အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့်ဂိုးကို မက်ဂွါရီက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာကနေပြန်လာနိုင်ခဲ့ပြီးနောက် မီနူးအတွက် အခုဂိုးက ပထမဆုံးဂိုးဖြစ်လာခဲ့ပြီး မန်ချက်စတာညနေခင်းနဲ့အင်တာဗျူးမှာ သူမက မယုံကြည်နိုင်အောင်ဖြစ်ရတယ်လို့ ဖြေကြားခဲ့ပါတယ်။

လာမယ့်ဧပြီလ ၁၉ ရက်နေ့မှာ အသက် ၂၀ ပြည့်မယ့် မီနူးတစ်ယောက် ပြီးခဲ့တဲ့နယူးကာဆယ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာကတည်းက ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မတ်လ ၁၇ ရက်နေ့ လက်စတာကို ၃-၀ နဲ့အနိုင်ရပြီးနောက် ပထမဆုံးအကြိမ်ပြန်လည်အနိုင်ရခဲ့တာဖြစ်ပြီး အခုတော့ ရာသီကောင်းတစ်ခုဖြစ်အောင်ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ဝုဗ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။