The network connection is lost.

Banner Image

ဂျာမနီအသင်းကနေ အနားယူခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်တိုက်စစ်မှူး သောမက်စ်မူလာ

ဂျာမနီအသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး မူလာတစ်ယောက် စပိန်အသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် နိုင်ငံအသင်းကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။

အသက် ၃၄ နှစ်သားကလည်း အဆိုပါပွဲအပြီးမှာ အခုပွဲကသူ့ရဲ့နောက်ဆုံးနိုင်ငံတကာပွဲဖြစ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ “အရှိတရားကိုပြောရမယ်ဆိုရင် ဒီပွဲက ကျွန်တော်ရဲ့နောက်ဆုံးပွဲဖြစ်လာနိုင်ပါတယ်။ ဒါပြီးရင် ကျွန်တော်နည်းပြနဲ့စကားပြောမှာပါ။ ကျွန်တော်တို့ကြားမှာ အရမ်းယုံကြည်ရတဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလို အရှိတရားကိုပြောရရင် အဲ့တာက ဖြစ်နိုင်ပါတယ်”လို့ မူလာက ပြောကြားခဲ့ပါတယ်။

ဂျာမနီသတင်းဌာန BILD ရဲ့အဆိုအရ မူလာက အမှန်တကယ်မှာ ဂျာမနီအတွက် နောက်ဆုံးပွဲပါဝင်ကစားခဲ့သလို နိုင်ငံအသင်းကစားသမားဘဝကို အနားယူကြောင်း ကြေညာခဲ့ပါတယ်။ မူလာကတော့ အသင်းဖော် တိုနီခရူးစ်နည်းတူ အနားယူခဲ့တာဖြစ်ပြီး တိုနီကတော့ ဘောလုံးသမားဘဝတစ်ခုလုံးကနေ အနားယူခဲ့တာဖြစ်ပပါတယ်။ ဒါပေမယ့် မူလာအနေနဲ့ ဘိုင်ယန်အတွက်တော့ လာမယ့် ၂၀၂၅ စာချုပ်သက်တမ်း မကုန်ခင်အထိ ဆက်ကစားဖွယ်ရှိနေပါတယ်။

ဆယ်စုနှစ်တစ်ခုကြာ မူလာဟာ ဂျာမန်ဘောလုံးလောကရဲ့ပြယုဂ်တစ်ခုဖြစ်ခဲ့ပြီး သူ့ရဲ့စွယ်စုံရတဲ့အခြေအနေ ၊ ဉာဏ်ပြေးမှု နဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် လူသိများခဲ့တာဖြစ်ပါတယ်။ မူလာဟာ ကွင်းတွင်းစွမ်းဆောင်ရည်အပြင် အသင်းအတွင်းမှာ ဦးဆောင်နိုင်မှု နဲ့ လွှမ်းမိုးမှုရှိခဲ့တာဖြစ်ပါတယ်။ နိုင်ငံအသင်းကစားသမားဘဝကို ၂၀၁၀ မတ်လတုန်းက စတင်ခဲ့ပြီး အာဂျင်တီးနားနဲ့ခြေစမ်းပွဲမှာ ပွဲဦးထွက်ပါဝင်ကစားခဲ့ပါတယ်။

အဲ့နောက် မူလာဟာ ဂျာမနီအသင်းအတွက် ၁၃၁ ပွဲပါဝင်ကစားခဲ့ပြီး ၄၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့ထက်ဂိုးပိုသွင်းနိုင်တဲ့သူတွေအဖြစ် လိုသာမားသီးယက်စ်က ၁၅၀ ပွဲမှာ ၆၃ ဂိုး နဲ့ ကလိုဆေးက  ၁၃၇ ပွဲမှာ ၄၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မူလာဟာ ဂျာမနီအသင်းနဲ့အတူ ၂၀၁၀ ပွဲဦးထွက်ချိန်ကနေစတင်ပြီး  ၂၀၁၄ ကမ္ဘာ့ဖလားကိုလည်း ရယူနိုင်ခဲ့ကာ နိုင်ငံအသင်းအတွက် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။