The network connection is lost.

Banner Image

မူလာနေရာကို အစားဝင်ဖို့အသင့်ရှိနေတဲ့ ဘိုင်ယန်စတား

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းကတော့ သက်တော်ရှည်ကစားသမား မူလာမရှိတဲ့နောက် သူ့နေရာကို အစားဝင်ဖို့ အသင့်ရှိနေပါတယ်။ ဘိုင်ယန်အမှုဆောင်ဒါရိုက်တာ ခရစ္စတိုဖာကက မူလာဟာ အသင်းအတွက် အစားထိုးမရတဲ့သူလို့ပြောကြားခဲ့ပြီးနောက် ကိန်းက အသင်းဟာပေါင်းစည်းမှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

မူလာဟာ ၂၀၂၄ - ၂၅ ရာသီအကုန်တုန်းက ထွက်ခွာခဲ့တာဖြစ်ပြီး မေဂျာလိဂ်ထံပြောင်းရွှေ့ခဲ့ပါတယ်။ ဂျာမန်သားဟာ ဘိုင်ယန်မှာရှိစဉ်တုန်းက အသင်းကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်အနေနဲ့ အခုလိုကစားသမားမျိုးလက်လွှတ်ခဲ့ရတာကြောင့် အသင်းထဲမှာ သူ့နေရာကိုဖြည့်တင်းမယ့်သူအတွက် စိန်ခေါ်မှုတွေရှိနေတာဖြစ်ပါတယ်။

မူလာမရှိတဲ့နောက် ဘိုင်ယန်က အဝတ်လဲခန်းထဲမှာ နူအာ နဲ့ ကင်မစ်ချ်တို့က အဆင့်ဆင့်ဦးဆောင်နေပြီး ကိန်း ၊ ဂျိုနသန်တာ့ချ် ၊ ဂေါ်ရက်ကာ ၊ ဂနာဘရီတို့လည်းရှိနေပါတယ်။ ဘိုင်ယန်စတားက ကိန်းကတော့ မူလာမရှိတဲ့အခြေအနေနဲ့ပတ်သက်ပြီး “အသင်းမှာအခြားကစားသမားတွေရှိနေပါတယ်။ သောမက်စ်က အမြဲတမ်းဦးဆောင်ပါတယ်။ ဒါပေမယ့် အဲ့တာက အခြားကစားသမားတွေဖြစ်တဲ့ နူအာ ၊ ကင်မစ်ချ် ၊ ကျွန်တော်တို့မရှိဘူးလို့ မဆိုလိုပါဘူး။ သူ့လိုကစားသမားမျိုး အသင်းခေါင်းဆောင်မျိုးမရှိတော့တာက အခြားကစားသမားတွေအပေါ် ဖိအားတွေများလာစေတာတော့ဟုတ်ပါတယ်။ အတိတ်ကာလတုန်းကလည်း ဒီလိုဖြစ်ရပ်မျိုးရှိခဲ့မှာပါ။

ဒါကြောင့် ကျွန်တော်တွေးတာက ဒီအသင်းကို အခုကျွန်တော်တို့ ပိုဦးဆောင်ရပါတော့မယ်။ အခုလက်ရှိအခြေအနေကလည်း သန်မာတဲ့အနေအထားလို့ မြင်နိုင်ပါတယ်။ အသင်းက တစုတစ်စည်းတည်းရှိနေပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်အားကစားဒါရိုက်တာ ခရစ္စတိုဖာကလည်း မူလာနေရာဟာ အစားထိုးဖို့ ခက်ခဲတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“မူလာက ဂန္ထဝင်တစ်ဦးပါ။ ကျွန်တော် သူ့နေရာမှာအစားထိုးနိုင်မယ့်သူမမြင်သေးပါဘူး။ သူအသင်းကိုကာလရှည်ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် အသင်းက သူ့အခြေအနေနဲ့ ရှင်သန်နေတာပါ။ အခြေအနေတွေကို သေချာလေးခွဲခြားမယ်ဆိုရင် အဝတ်လဲခန်းထဲမှာ အဆင်ပြေနိုင်ပါတယ်။ အသင်းမှာ လူငယ်ကစားသမားအနည်းငယ်ပဲရှိပါတယ်။ ပါလိုဗစ် ၊ ဘစ်ချော့ဖ် ၊ မန်နူ ၊ ကင်မစ်ချ်တို့ပါ။ အိုလစ်ဆီကလည်း အသင်းအတွင်းမှာ တော်တော်လေးအဆင်ပြေပါတယ်။ လက်ရှိမှာ အသင်းအကောင်းဆုံးပေါင်းစပ်ထားနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

မူလာဟာ ဘိုင်ယန်နဲ့အတူ ဘွန်ဒက်စ်လီဂါ ၁၃ ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် နဲ့ အခြားဆုဖလားတွေရယူနိုင်ခဲ့ပါတယ်။ မူလာမရှိတဲ့နောက် ကိန်းကဘိုင်ယန်ကို ဦးဆောင်နေပြီး လက်ရှိဘွန်ဒက်စ်လီဂါ ၇ ပွဲမှာ ၁၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ကာ ဟက်ထရစ် ၂ ကြိမ်အပြင် ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် လိဂ်ဂိုး ၅၀ အမြန်ဆုံးသွင်းယူနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ ဘိုင်ယန်ဟာ ဘွန်ဒက်စ်လီဂါ ၄ ပွဲကနေ ရမှတ် ၁၂ မှတ် နဲ့ သွင်းဂိုး ၁၈ ဂိုးအထိရယူနိုင်ခဲ့ပြီး ကိန်းရဲ့စွမ်းဆောင်ရည်က အဓိကကျနေပါတယ်။ လက်ရှိအတွေ့အကြုံရှိတဲ့ကစားသမားတွေဖြစ်တဲ့ မူလာ ၊ ကင်မစ်ချ် ၊ ကိန်းတို့နဲ့အတူ လူငယ်တွေပေါင်းစပ်ကာ ဆုဖလားအောင်မြင်မှုတွေ ထပ်မံရယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။