
မကြာခင် နိုင်ငံတကာလက်ရွေးစင်တာဝန်ကို ထမ်းဆောင်ဖို့ ရှိနေတဲ့ ကိုဘီမိုင်နိုး
မိုင်နိုးဟာ ဂရိတ်မန်ချက်စတာက စတော့ပေါ့ခ်တွင်မွေးဖွားခဲ့ပြီး ယူ ၁၇ နှင့် ယူ ၁၉ အဆင့်တွေမှာ အင်္ဂလန်ကိုယ်စားပြုပြီး ကစားပေးခဲ့သူဖြစ်ပါတယ်။ သူဟာ မိဘများကြောင့် ဂါနာနိုင်ငံသားခံယူဖို့ အရည်အချင်းပြည့်မီပြီး အနောက်အာဖရိကနိုင်ငံ ဘောလုံးအသင်းကလည်း သူ့ကို ခေါ်ယူလိုကြောင်း အတည်ပြုခဲ့ပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ဂါနာရဲ့ စိတ်ဝင်စားမှုကို သတိပြုမိခဲ့ပြီး အဇာဘိုင်ဂျန်၊ လူဇင်ဘတ်အသင်းတို့နှင့် ကစားမယ့် ဥရောပချန်ပီယံရှစ်ခြေစစ်ပွဲအတွက် အသက် ၁၈ နှစ်အရွယ်ကစားသမားကို ယူ ၂၁ လူစာရင်းသို့ထည့်သွင်းခြင်းဖြင့် ခြေလှမ်းသစ်များလုပ်ဆောင်ရန် စီစဉ်ထားတယ်လို့ Daily Mail က ရေးသားဖော်ပြထားပါတယ်။
ထိုသို့သောအပြောင်းအရွှေ့ဟာ အင်္ဂလန်အတွက် ရေရှည်တွင် စိတ်ချရမည်မဟုတ်သော်လည်း အနည်းဆုံးတော့ အင်္ဂလန်ရဲ့တည်ဆောက်မှုပုံစံဟာ ကစားသမားရဲ့ဆက်လက်တိုးတက်မှုကို အနီးကပ်စိတ်ဝင်စားနေကြောင်း ဆယ်ကျော်သက်ကြယ်ပွင့်အား ပြသနိုင်မှာဖြစ်ပါတယ်။ အင်္ဂလန်စီနီယာအသင်းနည်းပြ ဆောက်ဂိတ်ဟာ မကြာသေးမီက ဗီလာပါ့ခ်သို့ ရောက်ရှိခဲ့ပြီး အက်စတွန်ဗီလာအား အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို ကြည့်ရှုခဲ့ပါတယ်။ အစောပိုင်းရက်အနည်းငယ်က လည်း သူဟာ မိုင်နိုးရဲ့ကောင်းကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးတယ်။
"သူဟာ လူငယ်ကစားသမားတစ်ယောက်အတွက် ပြောင်မြောက်စွာ လုပ်ဆောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ စတင်မှုတစ်ခုပါ" "သူဟာ ကွင်းလယ်ခံစစ်ကစားသမားဖြစ်ဖို့ မသေချာပါဘူး။ သူက အတော်လေး တိုးတက်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ကစားသမားဘဝကို အံ့သြဖွယ်ကောင်းလောက်အောင် စတင်လုပ်ဆောင်ခဲ့ပြီး စောင့်ကြည့်ဖို့ ကောင်းတဲ့သူလည်းဖြစ်ပါတယ်" လို့ ဆောက်ဂိတ်က ပြောကြားခဲ့တာပါ။
ဖေဖော်ဝါရီလအစောပိုင်းတုန်းက ဂါနာဘောလုံးအဖွဲ့ချုပ်ရဲ့အမှုဆောင်ကောင်စီအဖွဲ့ဝင် ရန်ဒီအက်ဘီက သူ့နိုင်ငံရဲ့ ရပ်တည်ချက်ကိုဖော်ပြခဲ့ပါတယ်။
"ဂါနာဘောလုံးအဖွဲ့ဟာ နိုင်ငံအသင်းအမျိုးမျိုးအတွက် အရည်အချင်းပြည့်မီသူများကို စောင့်ကြည့်ခြင်း၊ ဆွဲဆောင်စည်းရုံးခြင်းတို့ကို စိတ်ဝင်တစားလုပ်နေတာပါ" "ကိုဘီဟာ ဒီမယုံကြည်နိုင်စရာကောင်းတဲ့ အရည်အချင်းတွေထဲက တစ်ခုဖြစ်ပြီး အသင်းအဖွဲ့ကလည်း သူနဲ့အတူ အလုပ်လုပ်ရတာကို နှစ်သက်ပြီး ပြည်တွင်းရော ပြည်ပမှာပါ သူ့ကို သဘောကျတဲ့ သူတွေ အများကြီးရှိမှာပါ" လို့ ပြောပါတယ်။
ဖီဖာရဲ့ နိုင်ငံတကာ အရည်အချင်းပြည့်မီမှု စည်းမျဉ်းများအရ နိုင်ငံတစ်ခုရဲ့ အငယ်တန်းအဆင့်တွင်သာ ကိုယ်စားပြုတဲ့ ကစားသမားတစ်ဦး၊ အသက် ၂၁ နှစ်မပြည့်မီ စီနီယာအသင်းအတွက်ပွဲ ၃ ပွဲအထိ ပါဝင်ကစားခဲ့သူ သို့မဟုတ် စီနီယာအသင်းကြီးအတွက် တစ်ကြိမ်မှ မကစားခဲ့ရဖူးသူဟာ နိုင်ငံသားပြောင်းလဲခံယူခွင့်ရှိနေတာဖြစ်ပါတယ်။ မကြာသေးမီလများအတွင်း ဆောက်ဂိတ်ဟာ အသင်းကြီးများတွင် သက်ရောက်မှုဖြစ်စေခဲ့တဲ့ လူငယ်ကစားသမားတွေကို အခွင့်အရေးများပေးရန် တုံ့ဆိုင်းနေခြင်းမရှိဘဲ ကိုးလ်ပယ်လ်မာ နှင့် ရီကိုလူးဝစ်တို့နှစ်ဦးစလုံးဟာ ယခုနှစ်ရာသီတွင် သက်ဆိုင်ရာစီနီယာပွဲဦးထွက်များကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ယခင်ကလည်း အသက် ၂၂ နှစ်တွင် အင်္ဂလန်အသင်းအတွက် ၃၂ ပွဲကစားထားတဲ့ ဆာကာ နှင့် အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်တို့ဟာ ၂၇ ပွဲအထိ ကစားထားကြရတာဖြစ်ပါတယ်။ မိုင်နိုးသာ ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိပြီး စွမ်းဆောင်ပြထားနိုင်မယ်ဆိုရင် နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ တွင် အင်္ဂလန်စီနီယာအသင်းအတွက် နောက်ကျပြီး နေရာရရှိလာမယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်မှာမဟုတ်ပါဘူး။ ပိုပြီးဖြစ်နိုင်ချေရှိတာက အဓိကပြိုင်ပွဲတစ်ခုအပြီးတွင် ပထမဆုံးအသင်းနှင့်အတူ စက်တင်ဘာလတွင်ကျင်းပမယ့် နေးရှင်းလိဂ်ပြိုင်ပွဲများတွင် ကစားသမားသစ်များကို မိတ်ဆက်ပေးရန်အတွက် အမြဲတမ်းရှိနေတာဖြစ်ပါတယ်။
ပြက္ခဒိန်နှစ်ရဲ့ လက်ကျန်ရက်များတွင် စီနီယာအသင်းအတွက် ၄ ပွဲအထိ ကစားလိုက်ရုံဖြင့် ဂါနာဟာ ပြိုင်ဆိုင်မှုကနေ ထွက်သွားရမှာဖြစ်ပါတယ်။