The network connection is lost.

Banner Image

အိုးထရက်ဖို့ဒ် ဂိုးပြတ်ရှုံးပွဲနဲ့အတူ တန်းဆင်းဇုန်နဲ့ တစ်မှတ်သာကွာတော့တဲ့ ယူနိုက်တက်

ယူနိုက်တက် ၀ - ၃ ဘုန်းမောက် (ပွဲပြီးရလဒ်)

ယူနိုက်တက်အသင်းက ဘရူနိုကို အရန်ခုံထိုင်ခိုင်းပြီး အပြောင်းအလဲလုပ်လာပေမဲ့ ခံစစ်က မဖြစ်သင့်တဲ့အမှားတွေကြောင့် အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပါတယ်။

နည်းပြကာရစ်အတွက် ဒီပွဲမတိုင်ခင််ကတည်းက ဖိအားတွေအလွန်များနေပြီဖြစ်တာကြောင့် ဒီရှုံးပွဲက သူ့အတွက်နောက်ဆုံးပွဲ ဖြစ်သွားနိုင်ပါတယ်။

အေစီမီလန်ကိုတောင် ဂိုးပြတ်သွင်းပြီး ခြေစွာနေတဲ့ ဘုန်းမောက်ကတော့ ယူနိုက်တက်ရဲ့အားနည်းချက်တွေကို အကောင်းဆုံး အခွင့်ကောင်းယူကာ အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်နိုင်ပွဲတစ်ခု ဖန်တီးသွားနိုင်ခဲ့ပါတယ်။