The network connection is lost.

Banner Image

စီရော်နယ်ဒိုရဲ့လက်ရွေးစင်အဆင့်သွင်းဂိုးစံချိန်ကို လိုက်မီမယ့် ဖြစ်နိုင်ခြေအပေါ် ပယ်ချဖို့ ငြင်းဆန်ခဲ့တဲ့ ဟယ်ရီကိန်း

ချက်နဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၂၅ ပွဲတိတိ ပါဝင်ကစားနိုင်တဲ့ စံချိန်ကို လိုက်မီသွားခဲ့တဲ့ ဟယ်ရီကိန်းက စီရော်နယ်ဒိုရဲ့လက်ရွေးစင်အဆင့်သွင်းဂိုးစံချိန်ကို လိုက်မီနိုင်မယ့် ဖြစ်နိုင်ခြေအပေါ် ပယ်ချဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီတိုက်စစ်မှူးက အင်္ဂါနေ့၊ သုံးဂိုးပြတ်အနိုင်ရရှိတဲ့ ဝင်ဘာလေကွင်းပွဲစဉ်မှာ သူ့အတွက် လက်ရွေးစင်အဆင့် ဂိုး ၉၀ မြောက်နဲ့ ၉၁ ဂိုးမြောက်သွင်းယူရင်း ပီတာရှီလ်တန်ရဲ့ အင်္ဂလန်လက်ရွေးစင်အဆင့်ပွဲစဉ်ပါဝင်ကစားမှုစံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းက မကြာမီကာလအတွင်း အနားယူသွားဖို့ အစီအစဉ်လည်း မရှိသေးပါဘူး။  

အသက် ၄၁ နှစ်အရွယ်စီရော်နယ်ဒိုက ပေါ်တူဂီအတွက် ၁၄၆ ဂိုးသွင်းယူရင်း ကမ္ဘာ့သမိုင်းတလျှောက် လက်ရွေးစင်အဆင့် သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

"ကျွန်တော်တို့ ဘယ်လောက်အထိရောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့" လို့ အင်္ဂလန်ရဲ့သွင်းဂိုးအများဆုံးစံချိန်ရှင်ဟယ်ရီကိန်းက ပြောပါတယ်။ "ကျွန်တော်တို့အတွက်  ဂိုး ၅၀ ကျော်လောက် လိုအပ်နေသေးတဲ့ အခြေအနေမှတဆင့် စတင်နေရတာပါ။ အခုလောလောဆယ်တော့ အဝေးကြီးလိုနေသေးပေမဲ့ ဘယ်သူ သိနိုင်မှာလဲ? ကျွန်တော်ရဲ့ကြံ့ခိုင်မှု အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်"

"ကျွန်တော်နဲ့အတူ တွဲကစားခဲ့ဖူးတဲ့ ကစားသမားတချို့က အသက် ၃၀ နှစ်ကျော် နှောင်းပိုင်းအထိ ရောက်ရှိသွားပေမဲ့ အမြင့်မားဆုံးအဆင့်အတန်းမှာ ဆက်ရှိနေကြသလို အခုဆိုရင် အသက် ၄၀ နှစ်ကျော်တွေတောင် ရှိနေလို့ ကျွန်တော် အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။ ကျွန်တော့်အတွက်တော့ တစ်ရာသီချင်းစီ သွားရပါလိမ့်မယ်။ အသင်းကို ကူညီပေးနိုင်သေးတယ်လို့ ခံစားနေရသရွေ့... ကျွန်တော် ဆက်ရှိနေဦးပါမယ်" လို့ သူက ဆိုပါတယ်။