
ပီအက်စ်ဂျီကို လီဗာပူးအနိုင်ရပြီးနောက် အရိုးသားဆုံးမှတ်ချက်ပြုလာတဲ့ ကာရေဂါ
လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ပီအက်စ်ဂျီကို အဝေးကွင်းမှာ လီဗာပူးအသင်းအနိုင်ရပြီးနောက် ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးဖောက်ထွင်းမှုတစ်ခုဖြစ်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ပီအက်စ်ဂျီကို နောက်ကျသွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အလီဆင်ရဲ့လက်စွမ်းကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပြီး လီဗာပူးအသင်းအတွက် အဖိုးတန်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းအတွက် အနိုင်ဂိုးကို လူစားဝင်ကစားသမား ၂ ဦးဖြစ်တဲ့ ဒါဝင်နူနက်ဇ် နဲ့ အီလီယော့တ်တို့ရဲ့ပေါင်းစပ်မှုကနေ ရရှိခဲ့တာဖြစ်ပါတယ်။ တစ်ပွဲလုံးအနေအထားမှာ ပီအက်စ်ဂျီက ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ကာရေဂါက လီဗာပူးအနိုင်ရခဲ့တာကို အံ့အားသင့်နေပါတယ်။
အင်တာဗျူးမှာ ကာရေဂါက “အဝေးကွင်းမှာ အနိုင်ရလိုက်တယ်လား။ ဒါက ကျွန်တော်မြင်ဖူးသမျှထဲမှာ အကြီးမားဆုံးဖောက်ထွင်းခံရမှုပါ။ အဲ့တာက တကယ်လည်းဟုတ်ပါတယ်။ ကျွန်တော် မြင်နေတာကို မယုံကြည်နိုင်ဖြစ်ရပါတယ်။ ပီအက်စ်ဂျီက လုံးဝကောင်းခဲ့သလို သူတို့ဒီနေ့မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး လီဗာပူးထက်ပိုထက်ကောင်းပါတယ်။ ဒီပြိုင်ပွဲမှာ လီဗာပူးအသင်းနောက်ဆုံးအနိုင်ရခဲ့တာက အလီဆင်ရဲ့ကာကွယ်မှုကနေ နာပိုလီအသင်းကိုအနိုင်ရရှိခဲ့တာပါ။
ဒီနေ့ညမှာလည်း ကာကွယ်မှုတစ်ကြိမ်တည်းမဟုတ်ပါဘူး။ သူ့ကစားသမားဘ၀ အကောင်းဆုံးစွမ်းဆောင်ရည်ပါ။ လီဗာပူးအသင်း ဒီပြိုင်ပွဲကိုအနိုင်ရခဲ့မယ်ဆိုရင် သူတို့မှာ အခွင့်အရေးကောင်းရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့မှာ ကျွန်တော်မြင်လိုက်ရတာက အလီဆင်ရဲ့စွမ်းဆောင်ရည်ကောင်းကိုပါ”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။ လီဗာပူးနောက်ခံလူဟောင်း ဝါးနော့ခ်ကလည်း “ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ဂိုးသမားအကောင်းဆုံးအနေအထားဖြစ်နေဖို့ လိုအပ်ပါတယ်။ သူတို့အခုလိုအဝေးကွင်းနိုင်ပွဲရလိုက်တာက အလီဆင်ကြောင့်ပါ။
ဒီလိုစွမ်းဆောင်ရည်မျိုးလိုချင်တယ်ဆိုရင် ဒီလိုကစားသမားမျိုးဝယ်ယူဖို့ လိုအပ်ပါတယ်။ သူတို့ချန်ပီယံလိဂ်ရခဲ့တုန်းက ဘယ်လိုရခဲ့လဲဆိုတာကို မြင်နိုင်ပါတယ်။ အလီဆင်ရဲ့စွမ်းဆောင်ရည်က အဓိကကျခဲ့တာပါ။ သူက အခြေအနေတွေကို ဖတ်နိုင်ပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းက တကယ်ကိုကောင်းခဲ့ပါတယ်”လို့ ဝါးနော့ခ်က ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပီအက်စ်ဂျီကို အန်ဖီးလ်မှာ ဧည့်မခံခင် အခုအပတ်မှာ ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။