The network connection is lost.

Banner Image

အီတလီနည်းပြဟောင်း စပယ်လက်တီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ နည်းပြဟောင်း အီဂေါ်တူဒေါ် ကို ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်လိုက်ပြီးနောက် နာမည်ကျော် နည်းပြ လူချီယာနိုစပယ်လက်တီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ အသက် ၆၆ နှစ်အရွယ် နာပိုလီ နဲ့ အီတလီနည်းပြဟောင်းဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တကယ်လို့ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ရင် အလိုအလျောက် စာချုပ်သက်တမ်းတိုးမယ့် အချက်လည်း ပါဝင်ပါတယ်။

တရားဝင်ထုတ်ပြန်ချက်ထဲမှာ ဂျူဗင်တပ်စ်အသင်းက "ဒီလို ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံရှိတဲ့ နည်းပြကို မိသားစုထဲ ကြိုဆိုရတာ ဝမ်းသာပါတယ်။ ဂျူဗင်တပ်စ်ကနေ ကြိုဆိုလိုက်ပါတယ်၊ ကောင်းသော အောင်မြင်ခြင်းများ ရပါစေ၊ နည်းပြကြီး" လို့ ဖော်ပြထားပါတယ်။နည်းပြဟောင်း တူဒေါ်ဟာ သုံးပွဲဆက် ရှုံးနိမ့်ခဲ့သလို စက်တင်ဘာလလယ်ကတည်းက ရှစ်ပွဲဆက် နိုင်ပွဲမရခဲ့တဲ့အတွက် ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။  ယာယီနည်းပြ မက်ဆီမိုဘရမ်ဘီလာက ဗုဒ္ဓဟူးနေ့မှာ အူဒီးနီးစ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိအောင် ဦးဆောင်ခဲ့ပြီး နိုင်ပွဲပျောက်နေမှု ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။