လီဂူးဝမ်းချန်ပီယံဆုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အင်းနရစ်
မိုနာကိုအသင်းကို ၄-၂ နဲ့အနိုင်ရပြီးနောက် ပီအက်စ်ဂျီနည်းပြ အင်းနရစ်က လီဂူးဝမ်းချန်ပီယံဆုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ မိုနာကိုအသင်းကို ၄-၂ နဲ့အနိုင်ရပြီး အမှတ်ပေးဇယားမှာ အမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲမကန်ခင်တုန်းက မိုနာကိုအသင်းနည်းပြ မက်နက်စ်က တကယ်လို့ ဒီနေ့ပွဲကို အရေးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံဆုအတွက် ခက်ခဲသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ မိုနာကိုအသင်းရဲ့ဦးဆောင်ခြင်းခံခဲ့ရပေမယ့် နောက်ကနေလိုက်ကစားကာ ဂွန်ကာလိုရာမို့စ် ၊ ဒမ်ဘီလီတို့ရဲ့ဂိုးတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အနိုင်ရခဲ့ပေမယ့်လည်း အင်းနရစ်က “လီဂူးဝမ်းချန်ပီယံဆုက တပ်အပ်ပြောလို့မရသေးပါဘူး။ လွန်ခဲ့တဲ့ ၅ ရက်လောက်တုန်းက ကျွန်တော်တို့ ၅ မှတ်ပဲဖြတ်ထားနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မာဆေးလ်အသင်းလက်ထဲမှာ ၁ ပွဲကျန်နေပြီး လာမယ့်ဇန်နဝါရီ ၅ ရက်နေ့မှ လီဟာဗရီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ချန်ပီယံဆုက ပြီးဆုံးသွားပြီလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်အသင်းကိုပဲ ဂရုစိုက်ပါတယ်။ ကျွန်တော်တို့ အခု ၁၀ မှတ်ကွာဟနေခဲ့ပါပြီ။ အဲ့တာက ကျွန်တော်တို့ ပစ်မှတ်ပါ”လို့ အက်ဒီဟက်တာက ပြောကြားခဲ့ပါတယ်။