The network connection is lost.

Banner Image

မော်ရိုကိုနောက်ခံလူအာဂတ်အတွက် အယ်လ်ဆတ်ဒ်အသင်းရဲ့ ယူရို ၈ သန်းတန်ကမ်းလှမ်းမှုကို မာဆေးလ်ပယ်ချ

မာဆေးလ်အသင်းက မော်ရိုကိုလက်ရွေးစင်ကစားသမားအာဂတ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

Foot Mercato ရဲ့ အဆိုအရ အယ်လ်ဆတ်ဒ်အသင်းက အသက် ၃၀ နှစ်အရွယ်ကစားသမားကို လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်ကတည်းက စိတ်ဝင်စားခဲ့ပြီး အခုတော့ ယူရို ၈ သန်းဖြင့် ထပ်မံကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပြင်သစ်ကလပ်အသင်းက ဒီကမ်းလှမ်းမှုကို လုံလောက်မှုမရှိဘူးလို့ ယူဆထားပြီး ပြောင်းရွှေ့ကြေးပိုမိုရရှိစေဖို့ တောင်းဆိုထားပါတယ်။

မာဆေးလ်အသင်းက ဘဏ္ဍာရေးအခြေအနေကောင်းမွန်စေဖို့ အာဂတ်ကိုရောင်းချသွားချင်ပေမဲ့ အဖြေရှာဖို့အတွက် ၁၀ ရက်သာ အချိန်ကျန်ရှိပါတော့တယ်။

မာဆေးလ်က အစောပိုင်းမှာ အာဂတ်ကို ရောင်းချဖို့ နီးစပ်ခဲ့ပေမဲ့ ဆိုစီဒက်ဆီ ပြောင်းရွှေ့မယ့် ကစားသမားရဲ့အစီအစဉ် နောက်ဆုံးအဆင့်မှာ ပျက်ပြယ်သွားလို့ လက်တွေ့အကောင်အထည်မပေါ်လာခဲ့ပါဘူး။

မာဆေးလ်အသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အာဂတ်က ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး လီဂူးဝမ်းကလပ်အသင်းအတွက် ၂၂ ပွဲသာ ပါဝင်ကစားခဲ့ပါတယ်။