The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်တဲ့ ဟက်ဆယ်ဘိန့်ခ်

ချဲလ်ဆီးဟီးရိုးဟောင်း ဟက်ဆယ်ဘိန့်ခ်က မန်စီးတီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သူ့ရဲ့ရေပန်းအစားဆုံးလို့ ရွေးချယ်လိုက်ပါတယ်။စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ခြေချော်ခဲ့ပြီး လီဗာပူးအသင်းထံ ချန်ပီယံဆုလက်လွှဲပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၄ ရာသီအတွင်းမှာ စီးတီးဟာဆုဖလားအောင်မြင်မှုတွေရယူထားနိုင်ခဲ့တာဖြစ်ပြီး မနှစ်ကတော့ အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

စီးတီးတာဝန်ရှိသူတွေဟာ အခုနွေရာသီမှာ လူအင်အားဖြည့်တင်းမှုတွေပြုလုပ်ထားနိုင်ခဲ့ကာ ဒီရာသီ လီဗာပူးကို ယှဉ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်း ၊ ဝေါ်လ်ကာ ၊ ဂရီးလစ်ချ်တို့ထွက်ခွာခဲ့ပေမယ့်လည်း စီးတီးဟာ ရီဂျန်ဒါ ၊ အစ်နိုရီ ၊ ချာကီ ၊ ထရက်ဖို့ဒ်တို့ကို ပြန်လည်ခေါ်ယူထားခဲ့ပါတယ်။

ရာသီအစပွဲစဉ်အဖြစ် ဝုဗ်နဲ့ပွဲမှာ ၄ ဂိုးပြတ်အနိုင်ရပြီးနောက် စီးတီးဟာ ဒုတိယမြောက်ပွဲအဖြစ် တော့တင်ဟမ်နဲ့ ဆက်လက်ကစားရမှာဖြစ်ပါတယ်။ ရီဂျန်ဒါက ပွဲဦးထွက်မှာ စီးတီးနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ဟာလန်းရဲ့ဂိုးကို မဖန်တီးပေးနိုင်ခင် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟက်ဆယ်ဘိန့်ခ်ကလည်း နယ်သာလန်သားရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပါတယ်။ “သူ(ရီဂျန်ဒါ)က ဒီဘရိုင်းလိုဂိုးဖန်တီးမှုအများကြီးလုပ်နိုင်မှာမဟုတ်ပါဘူး။ သူက ဒီဘရိုင်းထက်ဂိုးပိုသွင်းနိုင်လောက်ပါတယ်။ ဒါပေမယ့် ဂိုးဖန်တီးမှုတော့ လုပ်နိုင်မယ်မထင်ပါဘူး။ ဒါပေမယ့် ဒီလောက်က diamond ကစားကွက်မှာ ကစားနိုင်ပါတယ်။ မန်စီးတီးက ဒီနှစ်ဆုဖလားရနိုင်ပါတယ်။ လူတိုင်းက လီဗာပူးအကြောင်းပြောနေကြပါတယ်။ ကျွန်တော်ကတော့ မန်စီးတီးပဲ ချန်ပီယံဖြစ်မယ်လို့ ထင်ပါတယ်”လို့ ဘိန့်ခ်က ပြောကြားလိုက်ပါတယ်။ 

အင်တာဗျူးတစ်ခုမှာတော့ ချဲလ်ဆီးစတားဟောင်း ဂျိုကိုးလ်က လီဗာပူးအသင်းကသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။ အာဆင်နယ်က လူအင်အားဖြည့်တင်းထားပေမယ့်လည်း ဂျိုကိုးလ်ကတော့ သက်သေပြဖို့ လိုအပ်နေဆဲလို့ ထင်မြင်နေပါတယ်။

“ကျွန်တော်ကတော့ လီဗာပူးပဲချန်ပီယံဆုကိုကာကွယ်နိုင်မယ်လို့ထင်ပါတယ်။ သူတို့ လူအင်အားတောင့်တင်းလာသလို ပြီးခဲ့တဲ့ရာသီကလိုပဲ ချန်ပီယံဆုကာကွယ်နိုင်ပါလိမ့်မယ်။ အာတီတာရဲ့အာဆင်နယ်မှာလည်း အခွင့်အရေးကောင်းရှိနေပါတယ်။ သူတို့လိုချင်တဲ့တိုက်စစ်မှူးတော့ရခဲ့ပါပြီ။ ဒါပေမယ့် ယိုကရက်စ်ကို မေးခွန်းထုတ်နေကြဆဲပါ။ သူကဂိုးတွေအများကြီးသွင်းယူကောင်းသွင်းယူနိုင်ပေမယ့် ကျွန်တော်ကတော့ လီဗာပူးပဲ ချန်ပီယံဆုကာကွယ်နိုင်မယ်လို့ ထင်ပါတယ်”လို့ ဂျိုကိုးလ်က ပြောကြားလိုက်ပါတယ်။