The network connection is lost.

Banner Image

အာဆင်နယ် နဲ့ ပီအက်စ်ဂျီပွဲမတိုင်ခင် ချန်ပီယံလိဂ်ဖလားရမယ့်အသင်းကို ခန့်မှန်းလိုက်တဲ့ ဖာဒီနန်

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ရောက်မှာမဟုတ်သလို ပီအက်စ်ဂျီက အခုပြိုင်ပွဲကို ဗိုလ်စွဲမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ရီးရဲလ်ကို အနိုင်ရပြီးနောက် အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဖလားရနိုင်ချေအရှိဆုံးအသင်းအဖြစ် ရပ်တည်လာခဲ့ပါတယ်။

အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အခြားတစ်ဖက်မှာတော့ ဘာစီလိုနာက အင်တာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ယခင်အုပ်စုတွင်းမှာတုန်းက အာဆင်နယ်ကို ၂-၀ နဲ့အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ပီအက်စ်ဂျီရဲ့စွမ်းဆောင်ရည်က တိုးတက်လာခဲ့ပြီး ချန်ပီယံလိဂ်ဖလားရနိုင်လောက်တဲ့အထိ ရေပန်းစားလာခဲ့ပါတယ်။ “ကျွန်တော် ပီအက်စ်ဂျီကို အင်တာမီလန်နဲ့ဖိုင်နယ်မှာ တွေ့မယ်လို့ ထင်ပါတယ်။ အဲ့တာက ကျွန်တော်တွေးနေတာပါ။ ပီအက်စ်ဂျီပဲ ဒီဆုဖလားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ 

ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီ ဖိုင်နယ်ကိုလည်း မြင်ချင်ပါတယ်။ အဲ့တာက ကျွန်တော်မြင်ချင်တဲ့ဖိုင်နယ်တွေပါ။ အင်တာကတော့ ဖိုင်နယ်ကိုတက်မှာပါ။ ဒါပေမယ့် ဘာစီလိုနာ ၊ ပီအက်စ်ဂျီက လူတွေကို စိတ်လှုပ်ရှားစေနိုင်ပါတယ်။ အာဆင်နယ်ကတော့ ဖိုင်နယ်ကိုတက်မယ်မထင်ပါဘူး။ ကျွန်တော် အရိုးသားဆုံးပြောပါမယ်။ ကစားသမားတွေကို ကြိုက်ပါတယ်။ ဆာကာ ၊ ဒီကလန် ၊ အိုဒီဂတ် ၊ တင်းဘား ၊ စကယ်လီ ၊ ဆာလီဘာ ၊ ဂါဘရီရယ်တို့အပြင် အခြားကစားသမားတွေကိုလည်း ကြိုက်ပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။