မီးရှူးမီးပန်းမငြိမ်မသက်မှုဖြစ်စဉ်တွေကြောင့် လန်းစ်ပရိသတ်တွေရဲ့ လီဗာပူးကွင်းဆီ သွားရောက်အားပေးခွင့် ပိတ်ပင်ခံရ
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အန်းဖီးလ်ကွင်းမှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ဆီ လန်းစ်အသင်းပရိသတ်တွေ သွားရောက်အားပေးခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
လာမယ့်ဇန်နဝါရီလကုန်ပိုင်း၊ ဥရောပရဲ့ထိပ်တန်းကလပ်ပြိုင်ပွဲအတွက် ဒီကလပ်နှစ်သင်း ရင်ဆိုင်ယှဉ်ပြိုင်ကြဖို့ ရှိပေမဲ့ လန်းစ်ပရိသတ်တွေကိုတော့ ကွင်းတွင်းဝင်ရောက်ကြည့်ရှုခွင့် မပြုဘူးလို့ UEFA မှ အတည်ပြုခဲ့ပါတယ်။
ချန်ပီယံလိဂ်အုပ်စုအဆင့်ပြိုင်ပွဲရဲ့ လာမယ့်အဝေးကွင်းပွဲစဉ်နှစ်ခုအတွက် ခရီးသွားပရိသတ်တွေဆီ ပြင်သစ်လီဂူးဝမ်းကလပ်အသင်းရဲ့လက်မှတ်ရောင်းချခွင့်ကို တားမြစ်ခံထားရတယ်လို့ UEFA က အတည်ပြုပြောကြားခဲ့ပါတယ်။
ဘရုဂျက်နဲ့ကစားခဲ့တဲ့ လန်းစ်ရဲ့ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေအပြီး အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ကွင်းအတွင်းနဲ့ ပြိုင်ဘက်ပရိသတ်တွေဆီ မီးရှူးမီးပန်းတွေ ပစ်ပေါက်ခဲ့ကြလို့ တာဝန်ရှိသူတွေကိုယ်တိုင်လည်း ပွဲစဉ်ကို ခေတ္တရပ်နားခဲ့ရပါတယ်။
ဒါ့အပြင် UEFA က လန်းစ်ကို ယူရို ၈၀,၀၀၀ ဒဏ်ငွေ ချမှတ်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်စတင်သက်ရောက်မယ့် ပထမဆုံးပွဲစဉ်ကတော့ လာမယ့်နိုဝင်ဘာ ၂၄ ရက်၊ လိုက်ပ်ဇစ်ဆီ သွားရောက်ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲစဉ် ဖြစ်ပါတယ်။