The network connection is lost.

Banner Image

ယူနိုက်တက်ထံပြောင်းရွှေ့နိုင်မယ်လို့ အကောင်းမြင်နေတဲ့ ဝုဗ်စတား

ဝုဗ်စတား ကန်ဟာတစ်ယောက် ယူနိုက်တက်အသင်းထံပြောင်းရွှေ့နိုင်မယ်လို့ အကောင်းမြင်နေတယ်လို့ သိရပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ကန်ဟာရဲ့တာဝန်ရှိသူတွေ နဲ့ ယူနိုက်တက်တာဝန်ရှိသူတွေကြား ဆွေးနွေးမှုတွေပြုလုပ်ထားပြီးဖြစ်ကာ အဆင်ပြေနေတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ အသက် ၂၅ နှစ်သားကိုခေါ်ယူနိုင်ဖို့ တစ်ပြေးနေတယ်လို့ သိရပြီး အာဆင်နယ် နဲ့ ချဲလ်ဆီးတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

အခုချိန်မှာလည်း မန်ချက်စတာညနေခင်းသတင်းဌာနက ကန်ဟာအနေနဲ့ ယူနိုက်တက်ထံပြောင်းရွှေ့ခွင့်ရမယ်လို့ အကောင်းမြင်နေပါတယ်။ ယူနိုက်တက်ရဲ့လက်ရှိဘဏ္ဍာရေးအနေအထားက ကန်ဟာကိုခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတာဖြစ်ပါတယ်။ ကန်ဟာကတော့ ဝုဗ်အသင်းအတွက် ၃၁ ပွဲမှာ ၁၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ အာမိုရင်ကလည်း ကန်ဟာရဲ့စွမ်းဆောင်ရည်ကို ဝုဗ်အသင်းနဲ့ပွဲမတိုင်ခင် ချီးကျူးပြောကြားခဲ့ပါတယ်။ အာမိုရင်ဟာ ၃-၄-၂-၁ နည်းစနစ်ကိုအသုံးပြုတာဖြစ်ပြီး ကန်ဟာအနေနဲ့ အရေးပါတဲ့နေရာကနေ ပါဝင်ရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ကန်ဟာအပြင် အစ်ဝှစ်စတား ဒီလပ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။ အစ်ဝှစ်စတားရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၃၀ လောက်သာရှိနေတာကြောင့် ခေါ်ယူဖို့ အဆင်ပြေနိုင်တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ရလဒ်တွေဆိုးဝါးနေပြီး လာမယ့်ရာသီမှာတော့ အသင်းကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်မှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ဆန်ချို ၊ ရက်ရှ်ဖို့ဒ် ၊ အန်တိုနီတို့ကိုရောင်းထုတ်မှာဖြစ်ပြီး ငွေကြေးတစ်ရပ်ရှာဖွေမှာဖြစ်ပါတယ်။