အက်သလက်တီကိုနဲ့ အပြောင်းအရွှေ့ပျက်သွားတဲ့ ဝုဗ်ကွင်းလယ်လူဂျော်အိုဂိုးမက်စ်ကို ယူနိုက်တက်နဲ့ လီဗာပူးတို့ မျက်စိကျနေ
မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့က အက်သလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတဲ့ ဝုဗ်အသင်းကွင်းလယ်ကစားသမားဂျိုအာအိုဂိုးမက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားက ပေါင် ၃၅ သန်းတန်သဘောတူညီမှုဖြင့် အက်သလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပေမဲ့ နောက်ဆုံးမှာ အပြောင်းအရွှေ့ ပျက်ပြယ်သွားပါတယ်။
အက်သလက်တီကိုမက်ဒရစ်က ရီးရဲလ်မက်ဒရစ်ဆီ ဘာနာဒိုဆေးလ်ဗားပြောင်းရွှေ့သွားမှုနဲ့ပတ်သက်လို့ အေးဂျင့်ဂျော့ချ်မန်ဒက်စ်နဲ့ အဆင်မပြေဖြစ်ခဲ့ကြပြီးနောက် ဂျော်အိုဂိုးမက်စ်အတွက် အပြောင်းအရွှေ့လှုပ်ရှားမှုကိုပါ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
အခုအခါမှာတော့ ပေါ်တူဂီသတင်းဌာနတစ်ခုဖြစ်တဲ့ Globo ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့က ဒီကွင်းလယ်ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။