The network connection is lost.

Banner Image

ဘောလုံးလောကရဲ့အဆိုးဝါးဆုံး ဒိုက်ဗင်သမားလို့ ဟယ်ရီကိန်းကို ခရစ္စဆောက်တန် ကင်ပွန်းတပ်

အင်္ဂလန်တိုက်စစ်မှူးဟောင်း ခရစ္စဆောက်တန်က တော့တင်ဟမ်တိုက်စစ်မှူးဟောင်း ကိန်းဟာ ဘောလုံးလောကရဲ့အဆိုးဝါးဆုံးဒိုက်ဗင်သမားဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒိုက်ဗင်သမားတွေထဲမှာ ကိန်းတစ်ယောက်တည်းမဟုတ်ပဲ အခြား ကစားသမားတွေလည်း ၅ ဦးအထိပါ ဝင်နေပါတယ်။ အဆိုပါကစားသမားကတော့ တော့တင်ဟမ်စတားဟောင်း ကလင်းစမန်းက အဆင့် ၅ ယူနိုက်တက်နဲ့ ရီးရဲလ်စတားဟောင်း ရော်နယ်ဒိုက အဆင့် ၄ ၊ အင်တာမိုင်ယာမီစတား ဆွာရက်ဇ်က အဆင့် ၃ ၊ ဘာစီလိုနာစတားဟောင်း ရီဗယ်လ်ဒိုက အဆင့် ၂ နဲ့ အဲဗာတန်စတား အက်ရှ်လေယန်းက အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဆောက်တန်ကတော့ “ကျွန်တော် အဆိုးဝါးဆုံး ဒိုက်ဗင်သမား၂  ဦးကို ရွေးချယ်ချင်ပါတယ်။ တစ်ဦးက ဘရူနိုဖာနန်ဒက်စ်ပါ။ နောက်တစ်ဦးကတော့ ဘိုင်ယန်စတား ကိန်းပါ။ သူက အဆိုးဝါးဆုံးဒိုက်ဗင်သမားပါ။ သူ့မှာဒိုက်ဗင်နဲ့ပတ်သက်ပြီး မှတ်တမ်းရှိပါတယ်။ တစ်ပတ်ပြီးတစ်ပတ် အချိန်တိုင်း သူကဒိုက်ဗင်ထိုးနေတာပါ။ ကျွန်တော်မြင်ဖူးသမျှထဲမှာ အဆိုးဝါးဆုံးပါပဲ။ ကစားသမားကောင်းတစ်ဦးနဲ့ ထိပ်တန်းဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးပါ။ သူ့မှာအရာအားလုံး ရှိနေပါတယ်။ ဒါပေမယ့် သူက ဒိုက်ဗင်သမားပါ”လို့ ဆောက်တန်က ပြောကြားခဲ့ပါတယ်။

ကိန်းဟာ သူ့ရဲ့အရည်အချင်းတွေကို ဘိုင်ယန်မှာလည်း ဆက်လက်ပြသနေပြီး ကစားသမားဘဝကာလရှည်စောင့်ဆိုင်းနေရတဲ့ ချန်ပီယံဆုနဲ့နီးစပ်နေတာဖြစ်ပါတယ်။ ၂၀၂၄ မှာ ကိန်းတစ်ယောက် ဆုဖလား အောင်မြင်မှုတွေနဲ့နီးစပ်နေပြီး ဘိုင်ယန်မှာ ဘွန်ဒက်စ်လီဂါချန်ပီယံအပြင် အင်္ဂလန်အသင်းနဲ့အတူ နွေရာသီမှာ ယူရိုချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိနေပါတယ်။