The network connection is lost.

Banner Image

ချဲလ်ဆီးမှာ အလွန်ဆိုရဲ့ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ ကိုင်စီဒို

ချဲလ်ဆီးကွင်းလယ်လူ ကိုင်စီဒိုက ကွင်းအတွင်းမှာ ပိုမိုအားကောင်းတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာစေခြင်းအားဖြင့် နည်းပြ ဇာဘီအလွန်ဆိုရဲ့ ယုံကြည်မှုအပေါ် ပြန်လည်ပေးဆပ်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် အီကွေဒေါ ကွင်းလယ်ကစားသမားက ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် စနေနေ့က ဘုန်းမောက်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နည်းပြ အလွန်ဆိုလက်ထက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ကိုင်စီဒိုက "နည်းပြသစ်ရဲ့ လက်အောက်မှာ ကျွန်တော် ပိုမိုတိုးတက်လာမှာ သေချာသလို သူ ဘာကြောင့် ကျွန်တော့်ကို ယုံကြည်သလဲဆိုတာကိုလည်း သက်သေပြသွားမှာပါ။

ကျွန်တော့်ကို နည်းပြတိုင်းက ကွင်းထဲမှာ စကားပိုပြောပြီး ဦးဆောင်ဖို့ တိုက်တွန်းကြပါတယ်။

သူတို့က ကျွန်တော့်မှာ ခေါင်းဆောင်မှုစရိုက်ရှိတာကို သိကြပေမဲ့ ကစားသမားတွေနဲ့ စကားပိုပြောနိုင်ရင် ကျွန်တော့်အတွက် ပိုကောင်းလာလိမ့်မယ်လို့ မြင်ကြလို့ပါ။

ကျွန်တော်လည်း အကောင်းဆုံး ကြိုးစားနေပါတယ်၊ ဒါပေမဲ့ စကားများများပြောတတ်တာက ကျွန်တော့်ရဲ့ ပင်ကိုယ်ဗီဇ မဟုတ်ပါဘူး။

ဒါကြောင့် စကားအများကြီး မပြောနိုင်တဲ့အခါ ကွင်းတွင်း လုပ်ဆောင်ချက်တွေကနေတစ်ဆင့် ပိုပြီး သက်သေပြဖို့ ကြိုးစားပါတယ်" လို့ ပြောခဲ့ပါတယ်။