The network connection is lost.

Banner Image

ချဲလ်ဆီးပရိသတ်တွေရဲ့ဆန္ဒပြမှုနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဘိုဟီလေ

ချဲလ်ဆီးအသင်းပိုင်ရှင် ဘိုလေက အသင်းပရိသတ်တွေ ဆန္ဒပြပြီးထွက်ခွာဖို့ တောင်းဆိုနေတာတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ ဘိုဟီလေတာဝန်ယူပြီး ၃ နှစ်နီးပါးအတွင်းမှာ ပေါင် ၁.၅ ဘီလီယံတန်ကြေးရှိတဲ့ကစားသမားသစ်ခေါ်ယူမှုတွေပြုလုပ်ခဲ့ပေမယ့် အသင်းက အဆိုပါအချိန်ကာလအတွင်းမှာ အမြင့်ဆုံးအဆင့် ၆ မှာသာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

ပရိသတ်တွေက ဆုဖလားတောင့်တနေပေမယ့် ချဲလ်ဆီးဟာ တူချယ်လက်အောက်မှာ ချန်ပီယံလိဂ်ရပြီးကတည်းက ဆုဖလားလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေအပြင် မာရက်စ်ကာလက်အောက်မှာလည်း ရလဒ်တွေက ဆိုးဝါးနေတာဖြစ်ပါတယ်။ ဆောက်သမ်တန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ ချဲလ်ဆီးပရိသတ်တစ်စုက တာဝန်ရှိသူတွေကို အသင်းကနေထွက်ခွာဖို့ ဆန္ဒပြခဲ့ကြပါတယ်။

သီဆိုမှုထဲမှာ “ငါတို့ချဲလ်ဆီးကို ငါတို့ပြန်လိုချင်တယ်။ ဘိုဟီလေ အသင်းကနေထွက်ခွာပါ”ဆိုပြီး ပါဝင်ခဲ့တာဖြစ်ပါတယ်။ “အဲ့တာက ဖြစ်တတ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားသင်ယူမိတာက တစ်ချိန်လုံးလူတွေကို ပျော်အောင်မလုပ်ပေးနိုင်ဘူးဆိုတာပါပဲ။ လွတ်လပ်မှုကို ပြသရပါမယ်။ ကျွန်တော်တို့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာပါ။ ပြီးတော့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာလည်း ရှိနေပါတယ်။

လမ်းကြောင်းမှန်ပေါ် ဆက်သွားနေပေမယ့် အချိန်ယူရပါတယ်။ ဇွန်လမှာ ကျွန်တော်တာဝန်ယူတာ ၃ နှစ်ပြည့်မှာပါ။ အဲ့တာက နှစ် ၅၀ ၊ ၆၀ ဒါမှမဟုတ် ၇၀ လောက်နဲ့ယှဉ်ရင် အချိန်မများသေးပါဘူး။ အဲ့တာက လျှပ်တပြက်လှုပ်ရှားမှုတစ်ခုပါ။ ဒါပေမယ့် အဲ့တာက ကောင်းတဲ့အရာလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ဗြိတိန်မှာ သင်ယူမိလိုက်တဲ့အရာတစ်ခုရှိပါတယ်။ ကျွန်တော် မှတ်ချက်တော့ မပြုချင်ပါဘူး။

ကျွန်တော်တို့ အစီအစဉ်အတိုင်းဆက်နေဖို့ သဘောတူထားပါတယ်။ လမ်းကြောင်းမှန်ပေါ်ဆက်သွားပြီး အလုပ်လုပ်ဆောင်နေပါတယ်”လို့ ဘိုလေက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက တိုက်စစ်မှူးတော်တော်များများကို ချိတ်ဆက်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းတော့ မရှိတာဖြစ်ပါတယ်။ ဘိုဟီလေက မိမိတို့အနေနဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ရှာရခက်ခဲခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“အများဆုံးနားလည်မှုလွဲကြတာက အောင်မြင်မှုတွေကို နှစ်နဲ့တိုင်းတာပါ။ တိုက်စစ်မှူးရှာရတာက ခက်ခဲပါတယ်။ ခင်ဗျားအနေနဲ့ ကုန်စုံဆိုင်သွားသလို ဝယ်လို့မရပါဘူး။ အဲ့တာက အချိန်တစ်ခုစောင့်ရသလို မှန်ကန်တဲ့ကစားသမားမျိုးဖြစ်ဖို့ လိုအပ်ပါတယ်”လို့ ဘိုဟီလေက ထပ်လောင်းပြောကြားခဲ့ပါတယ်။