The network connection is lost.

Banner Image

ယူရိုပါလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးရှေ့ဆက်နေတဲ့ ဘုန်းမောက်

စပါတာပရာဟာ ၁-၃ ဘုန်းမောက် (ပွဲပြီးရလဒ်)

အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဥရောပအဆင့်ပြိုင်ပွဲအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဘုန်းမောက်က စပါတာပရာဟာနဲ့ရင်ဆိုင်ရတဲ့ အဝေးကွင်းပွဲစဉ်မှာလည်း အနိုင်ရရှိပြီး ရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။ ပွဲချိန်ပထမပိုင်းမှာ ဘုန်းမောက်က လီဝစ်ကွတ်ခ်ရဲ့ပင်နယ်တီလွဲချော်မှုအပြင် ဆင်ဂါတက်ရဲ့ဦးဆောင်ဂိုးကိုပါ ခွင့်ပြုပေးလိုက်ရပေမဲ့ ပြိုင်ဘက်ခံစစ်မှူးဂတ်ဒယ် နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရလို့ ကစားသမားတစ်ဦး အသာစီးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကစာသမားအသာစီးရရှိထားတဲ့ ဘုန်းမောက်က လူစားဝင်ကစားသမားတွေဖြစ်တဲ့ အဒမ်စ်၊ အီဗန်နယ်လ်ဆင်၊ ရာယန်တို့ရဲ့သွင်းဂိုးတွေနဲ့ အတူ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး အဖိုးတန်အဝေးကွင်းနိုင်ပွဲကို ဖော်ဆောင်သွားခဲ့ပါတယ်။