The network connection is lost.

Banner Image

ဘာစီလိုနာစတား ဘော်လွန်းဒီအော်ဆုရနိုင်ချေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဟာရစ္စတို

ဘာစီလိုနာဂန္ထဝင်ဟောင်း ဟာရစ္စတိုက လူငယ်ကစားသမား ယာမဲလ်ဟာ ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားတယ်လို့ ချီးကျုးပြောကြားလိုက်ပြီး သူ့အနေနဲ့ ပီအက်စ်ဂျီစတားတွေနဲ့အားပြိုင်ရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဂန္ထဝင်ဟောင်းက ယာမဲလ်ဟာ ဘော်လွန်းဒီအော်ဆုရှင်ဖြစ်နိုင်တယ်လို့ ထောက်ခံခဲ့ပြီး တကယ်လို့ စပိန်သားရခဲ့မယ်ဆိုရင် သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ဆုသပ်သပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ဒီပို့ဒီဗို့သတင်းဌာနနဲ့အင်တာဗျူးမှာ ခရစ္စတိုက ယာမဲလ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဆယ်ကျော်သက်စတားဟာ ခရီးအရှည်ကြီးသွားရဦးမယ်လို့ ပြောကြားလိုက်ပါတယ်။အသက် ၁၇ နှစ်သားဟာ ဘာစီလိုနာနဲ့အတူ ဖလား ၃ လုံးချန်ပီယံဆုရယူနိုင်ခဲ့တာဖြစ်ပြီး ဘော်လွန်းဒီအော်ဆုအတွက် ပီအက်စ်ဂျီစတားတွေနဲ့ အားပြိုင်ရမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဘက်မှာလည်း ဗီတင်ဟာ နဲ့ မာကွင်ဟို့စ်တို့ ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေပြီး တကယ်လိ့ု ယာမဲလ်သာ ဆုရခဲ့မယ်ဆိုရင် ဘရာဇီးဂန္ထဝင်ဟောင်း ရော်နယ်ဒိုရဲ့စံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။

“တကယ်လို့ ယာမဲလ်ဆုရခဲ့ရင် ကျွန်တော်သပ်သပ်ဆုပေးဦးမှာပါ။ သူက ငယ်ရွယ်သလို ခရီးအရှည်ကြီးသွားရဦးမှာပါ။ကျွန်တော် သူ့ကိုကြည့်ရတာ နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာစိတ်ဝင်စားစရာအရည်အချင်းတွေအများကြီးရှိနေပါတယ်။ တကယ်လို့ ပီအက်စ်ဂျီစတားတွေထဲကတစ်ယောက်ရွေးရမယ်ဆိုရင် မာကွင်ဟို့စ်ကိုရွေးမှာပါ။ အဲ့နောက် ဗီတင်ဟာက ရေပန်းစားမှုမှာ ဒုတိယနေရာမှာရှိနေပါတယ်။ သူတို့ ၂ ယောက်စလုံးက ပီအက်စ်ဂျီနဲ့အတူ တောက်ပခဲ့ပါတယ်။

ကစားသမားတော်တော်များများက အနိုင်ရဖို့အဆင်သင့်ဖြစ်နေပါပြီ”လို့ ခရစ္စတိုက ပြောကြားခဲ့ပါတယ်။ ယာမဲလ်ဟာ အခုလက်ရှိမှာနွေရာသီအားလပ်ရက်ကနေ ပြန်လာပြီး စက်တင်ဘာမှာ ဘော်လွန်းဒီအော်ဆုအတွက် တက်ရောက်ရမှာဖြစ်ပါတယ်။ လက်ရှိဘော်လွန်းဒီအော်ဆုအတွက် ယာမဲလ်အပြင် အသင်းဖော် ရာဖင်ဟာကလည်း ပီအက်စ်ဂျီစတားတွေနဲ့အတူ ရေပန်းစားနေပါတယ်။