ယာမယ်လ်ရဲ့ဘော်လွန်းဒီအော်ဆုအလားအလာနဲ့ပတ်သက်လို့ အခိုင်အမာဟောကိန်းထုတ်လာတဲ့ ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာ
ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာက အနာဂတ်မှာ ဘော်လွန်းဒီအော်ဆုကို ယာမယ်လ် သေချာပေါက်ဆွတ်ခူးနိုင်လိမ့်မယ်လို့ သံသယမရှိ ယုံကြည်နေပါတယ်။
အသက် ၁၈ နှစ်အရွယ်ကစားသမားလေးက ၂၀၂၆ ခုနှစ်မှာ အကောင်းဆုံး ယူ-၂၁ ကစားသမားဆုဖြစ်တဲ့ ကိုပါဆု (Kopa Trophy) ကို သုံးနှစ်ဆက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိကဘော်လွန်းဒီအော်ဆုအတွက်တော့ ကစာသမားဘ၀မှာ ပထမဆုံးအကြိမ်အောင်မြင်သွားတဲ့ ဟယ်ရီကိန်းကို မကျော်ဖြတ်နိုင်ဘဲ လက်လျှော့လိုက်ရပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့အမ်ဘာပေက ဒုတိယနေရာ၊ ယာမယ်လ်က တတိယနေရာမှာ ရပ်တည်ခဲ့ပေမဲ့ လာပေါ်တာကတော့ ယာမယ်လ်အတွက် ဒီဆုကိုရရှိဖို့ဆိုတာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်ပါတော့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
လာပေါ်တာက "နောက်ဆုံးမှာတော့ ယာမယ်လ် ဘော်လွန်းဒီအော်ဆု ရရှိသွားလိမ့်မယ်လို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်။ ဘယ်အချိန်လဲဆိုတာ မသိပေမဲ့ သူက ဒီဆုနဲ့ ထိုက်တန်ပါတယ်"
"ကျွန်တော့်အမြင်အရ သူ ဒီဆုကိုရရှိဖို့ ထိုက်တန်ပေမဲ့ မဲပေးသူတွေက အခြားပုံစံမျိုး ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါက အားကစားဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဒါက သူ့အတွက် စိတ်ဓာတ်လှုံ့ဆော်မှုတစ်ခု ဖြစ်လာစေချင်သလို အဲဒီလို ဖြစ်လာမယ်ဆိုတာလည်း ကျွန်တော် အာမခံပါတယ်။ စိတ်ပျက်ဝမ်းနည်းမှုတွေကို အမြန်ဆုံးကျော်လွှားနိုင်ဖို့ သူ့ရဲ့ အသင်းဖော်တွေ ကူညီပေးကြပါလိမ့်မယ်"
"ယာမယ်လ်က အသက် ၁၆ နှစ်အရွယ်ကတည်းက အခုလိုခြေစွမ်းမျိုး ပြသနေခဲ့လို့ တကယ့်ကို အံ့အားသင့်စရာကောင်းသလို ထူးခြားပြောင်မြောက်လွန်းပါတယ်။ သူက အရာအားလုံးနဲ့ထိုက်တန်ပြီး လာမယ့်နှစ်မှာ ဒီဆုကို ရရှိနိုင်ဖို့ ပိုမိုစိတ်အားထက်သန်လာအောင် ကျွန်တော်တို့အားလုံး သူ့ကို ကူညီပေးသွားပါမယ်" လို့ ပြောပါတယ်။