The network connection is lost.

Banner Image

အင်တာမီလန်နဲ့ပွဲစဉ်ကိုလွဲချော်မယ့်ကစားသမားသုံးဦးအကြောင်း ဖွင့်ဟလာတဲ့ အာတီတာ

အာတီတာက အင်္ဂါနေ့၊ အင်တာမီလန်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဟင်ကာပီ၊ ကာလာဖီအိုရီနဲ့ ဒေါင်းမန်းတို့ ထပ်မံလွဲချော်ဦးမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဟင်ကာပီက ပေါင်ခြံဒဏ်ရာကြောင့် နောက်ဆုံးသုံးပွဲဆက်ပါဝင်ကစားနိုင်ခြင်းမရှိသလို ကာလာဖီအိုရီကလည်း ကြွက်သားပြဿနာကြောင့် ခုနစ်ပွဲအထိလွဲချော်ထားပါတယ်။

ဒီကစားသမားတွေက အင်တာမီလန်နဲ့ရင်ဆိုင်ရမယ့် ဂန်းနားတွေရဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားပေးဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုမျိုး မရှိသေးပါဘူး။ဒါပေမဲ့ မကြာသေးမီကပဲ ဒဏ်ရာပြန်သက်သာလာတဲ့ ကိုင်ဟားဗက်ဇ်နဲ့ မော့စကွီယာတို့ကတော့ အာဆင်နယ်အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။ လတ်တလောမှာ အာဆင်နယ်က ချန်ပီယံလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရှိနေပြီး အာတီတာကိုယ်တိုင်ကလည်း သူတို့အသင်းအတွက် အခွင့်အရေးကြီးတစ်ခုရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

စပိန်သားက “ တစ်ခုခုကိုအရယူဖို့ အခွင့်အရေးရှိလာချိန် ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ရပါမယ်။ ထိပ်တန်းကလပ်အသင်းတစ်ခုနဲ့ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့တွေ အမှန်တကယ်အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ ဒါကို ကျွန်တော်တို့ကိုယ်တိုင်လည်း သိပါတယ်”လို့ ပြောပါတယ်။