ဖလက်ဝုဒ်တောင်းနဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်အနီကတ်ပြသခံရတဲ့ ဒေါင်းမန်းအတွက် အာဆင်နယ် အယူခံဝင်
ဖလက်ဝုဒ်တောင်းကို ရှုံးနိမ့်ပြီးနောက် ကာရာဘောင်ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရတဲ့ အင်္ဂါနေ့ပွဲစဉ်အတွင်း လူငယ်ကစားသမားဒေါင်းမန်းအတွက် အနီကတ်ပြစ်ဒဏ်ချမှတ်ခဲ့မှုအပေါ် အယူခံဝင်ဖို့ အာဆင်နယ်အသင်း ဆုံးဖြတ်လိုက်ပါတယ်။
ပြိုင်ဘက်နောက်ခံလူအပေါ် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့မှုကြောင့် ဖလက်ဝုဒ်တောင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသက် ၁၆ နှစ်အရွယ် ကစားသမားလေးက တိုက်ရိုက်အနီကတ် ပြသခံခဲ့ရပါတယ်။
ဖလက်ဝုဒ်တောင်းကစားသမားရဲ့ အလွန်ဆိုးရွားတဲ့ ဖျက်ထုတ်မှုအပေါ် ဒေါင်းမန်းက ဒေါသတကြီး တုံ့ပြန်ခဲ့ပေမဲ့ ကွင်းအတွင်းမှ လူငယ်ကစားသမား ထွက်ခွာသွားချိန် အာတီတာဆီမှာ စာနာနားလည်မှု အရိပ်အယောင်မျိုး သိပ်ပြီးမပြသခဲ့ပါဘူး။
ဒီအနီကတ်ပြစ်ဒဏ်ကြောင့် ဒေါင်းမန်းက တနင်္ဂနွေနေ့အန်ဖီးလ်ကွင်းပွဲစဉ်အပါအဝင် အာဆင်နယ်ရဲ့လာမယ့်ပွဲစဉ်သုံးပွဲဆက် လွဲချော်သွားပါလိမ့်မယ်။
BBC Sport ရဲ့ဖော်ပြချက်အရ ဆာကာ၊ ဇိုလစ်စ်နဲ့ မာဒူကီတို့ ဒဏ်ရာရရှိနေချိန် ဒေါင်းမန်းရဲ့အနီကတ်ပြစ်ဒဏ်အတွက် အယူခံဝင်ဖို့ အာဆင်နယ်အသင်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။