The network connection is lost.

Banner Image

လာမယ့်ဆောင်းဈေးကွက်မှာ ကစားသမား ၁ ဦးလောက်သာ ခေါ်ယူဖွယ်ရှိနေတဲ့ အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်ဟာ အခုလာမယ့်ဆောင်းဈေးကွက်မှာ ကစားသမား ၁ ဦးလောက်သာ ခေါ်ယူဖွယ်ရှိနေတယ်လို့သိရပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ အာတီတာအနေနဲ့ အခုဈေးကွက်ထဲမှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ မျှော်လင့်နေပါတယ်။အင်္ဂါနေ့တုန်းက နယူးကာဆယ်ကိုအရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အနေနဲ့ တိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေတယ်ဆိုတာကိုပြသနေခဲ့ပြီး ကာလရှည်ပစ်မှတ် အီဆက်က ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဆွီဒင်သားကို ပြီးခဲ့တဲ့နွေရာသီတုန်းက ဆိုစီဒက်မှာရှိနေကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် နယူးကာဆယ်က လက်ဦးခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အသက် ၂၅ နှစ်သားရဲ့တန်ကြေးက တိုးတက်လာခဲ့တာဖြစ်ပြီး ပေါင်သန်း ၁၅၀ လောက်ပေးချေရဖို့များနေပါတယ်။ အီဆက်တန်ကြေးကြောင့် အာဆင်နယ်ဟာ အခုလာမယ့်ဆောင်းဈေးကွက်မှာ ဆက်စ်ကိုဘက်ကိုသာ မြှားဦးလှည့်နိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

လိုက်ပ်ဇစ်စတားကတော့ ယူရိုမတိုင်ခင် အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး အခုဆောင်းဈေးကွက်မှာ အသင်းပြောင်းနိုင်ချေမရှိတာဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ဆာကာဒဏ်ရာရနေတဲ့အနေအထားမှာ တိုက်စစ်ပိုင်းကို အဖြေရှာရဖွယ်ရှိနေပြီး ထရိုဆက်ကော မာတီနယ်လီပါ စွမ်းဆောင်ရည်ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်ဂိုးသမား နီတိုကို အငှားနဲ့ခေါ်ယူထားခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ အခုဇန်နဝါရီမှာ နောက်ထပ်အငှားခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တော့တာဖြစ်ပါတယ်။

ဘီလ်ဘာအိုစတား နီကိုဝီလီယံကို အာတီတာက သဘောကျနေပေမယ့် စာချုပ်ဖျက်သိမ်းကြေးကိုပေးချေနိုင်ဖို့ ခက်ခဲနေပါတယ်။ မာတီနယ်လီရဲ့စွမ်းဆောင်ရည်ကို ပီတစ်က သဘောမကျဖြစ်နေပြီး အခုနောက်ပိုင်းမှာ ဘရာဇီးသားဟာ စွမ်းဆောင်ရည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ်က တိုက်စစ်မှူးတင်လိုအပ်တာမဟုတ်ပါဘူး။ သူတို့ ပြီးခဲ့တဲ့နွေရာသီတုန်းက ကစားသမား ၃ ၄ ဦးလောက် လိုအပ်ခဲ့တာပါ။ ဘယ်တောင်ပံကစားသမား ၊ တိုက်စစ်ကစားသမား နဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတွေလိုအပ်တာပါ။

အခုဆောင်းဈေးကွက်က ခက်ခဲပါတယ်။ ကစားသမားကောင်းတစ်ဦးကို သင့်လျော်တဲ့တန်ကြေးနဲ့ရဖို့ ခက်ခဲနိုင်ပါတယ်။ အာတီတာရဲ့ပေါ်လစီအရ ကစားသမားအများအပြားခေါ်ယူမှာလည်းမဟုတ်လောက်ပါဘူး”လို့ ပီတစ်က ပြောကြားခဲ့ပါတယ်။