ပါမီးရက်စ်ကြယ်ပွင့်အလန်အီလီယက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားတဲ့ မန်စီးတီး
မန်ချက်စတာစီးတီးအသင်းက ပါမီးရက်စ်အသင်းရဲ့ဘရာဇီးတောင်ပံကစားသမား အလန်အီလီယက်စ်ကို ခေါ်ယူဖို့အတွက် စုစုပေါင်းတန်ဖိုး ပေါင် ၃၄ ဒဿမ ၂ သန်းအထိ ရှိလာနိုင်မယ့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပါတယ်။
BBC Sport ရဲ့အဆိုအရ မန်စီးတီးက အသက် ၂၂ နှစ်အရွယ်ကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းအပြင် အပိုဆုကြေး ပေါင် ၂ ဒဿမ ၂ သန်းကို ပေးချေသွားရမယ်လို့ သိရပါတယ်။
အလန်အီလီယက်စ်က ပရီးမီးယားလိဂ်ကလပ်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ လာမယ့်ရက်ပိုင်းအတွင်း ဆေးစစ်မှုခံယူသွားပါလိမ့်မယ်။
မန်စီးတီးက ဘရာဇီးကစားသမားကို တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ရှိနေတဲ့ ဆာဗင်ဟိုနေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ်ထားခဲ့ပါတယ်။
တချိန်တည်းမှာပဲ မန်စီးတီးက အီဂျစ်တိုက်စစ်မှူးအိုမာမာမွတ်ရှ်ကို ရောင်းချနိုင်ဖို့အတွက်တော့တင်ဟမ်နဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။
အသေးစိတ်အချက်အလက်အချို့ကို ညှိနှိုင်းနေရဆဲဖြစ်ပေမဲ့ စက်တင်ဘာ ၁ ရက်၊ အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ဒီသဘောတူညီမှု ပြီးမြောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒါ့အပြင် နယူးကာဆယ်အသင်းရဲ့စိတ်ဝင်စားမှုရရှိထားတဲ့ စပိန်ကွင်းလယ်လူနီကိုဂွန်ဇာလက်ဇ်လည်း မန်စီးတီးမှထွက်ခွာဖွယ် ရှိပါတယ်။